ညီအကိုနှစ်ယောက်စကားများရန်နေတာကို သူတို့နှစ်ဦးရဲ့မိခင်ကဝင်ရောက်တားဆီးရာမှဖြစ်ပွားခဲ့တာပါ။သူတို့ဟာ မအေတူ ဖအေကွဲ ညီအကိုနှစ်ယောက်ဖြစ်ပါတယ်။ကန်ကြီးထောင့်မြို့နယ်မှ သဲဖြူကျေးရွာမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ကျိုက်လတ်ရဲစခန်းမှလဲထိုအမှုကိုစစ်ဆေးနေပါတယ်။

ဖြစ်ပွားပုံမှာ ဦးထွန်းနိုင် အသက်(၄၃)နှစ်နဲ့ ဦးအေးနိုင် (၃၂)နှစ်တို့ ဟာ အရက်သောက်စားကြရင်းမှ စကားများရန်ဖြစ်ကြပါတယ်။စကားများပြီးမကြာမှီ အေးနိုင်မှ အရှည်သုံးပေရှိတဲ့သံတူရင်းတစ်ချောင်းနဲ့ ထွန်းနိုင်အားရုုိက်နက်ရာ သူ့တို့နှစ်ဦးရဲအမေ ဒေါ်သောင်းကြည် အသက်(၇၁)နှစ်မှ ၀င်ရောက်တားဆီရာ မိခင်ပါလက်လွန်ပြီးရိုက်မိခဲ့ပါတယ်။

ဒေါ်သောင်းကြည်ဟာ ၀ဲလက်ဖျံရိုးကျိုး ၀ဲချိုးစောင်းပေါက်ပြဲဒဏ်ရာ ရရှိ၍ နေရာတွင်ပွဲချင်းပြီးသေဆုံးခဲ့သည်။ဦးထွန်းနိုင်ကတော့ နှုတ်ခမ်းပေါက်ပြဲ၊သွာကျိုး ရင်ဘတ်၊ယာတံတောင်ပွန်းပဲ့ ဒဏ်ရာများရရှိခဲ့ပြီး စိုးရိမ်ရကြောင်း သိရပါတယ်။

လတ်တလောတော့ ပြစ်မှုကျူးလွန်သူအား အုပ်ချုပ်ရေးမှူး၏ တိုင်တန်းချက်အရ ကျိုက်လတ်နယ်မြေရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျက်ရှ်ိပါတယ်။

သတင်းအရင်းမြစ် sunthit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။