၁၀ နှစ်အရွယ်သာရှိတဲ့ မိန်းကလေးကို ခဲအိုတော်သူက အလိုမတူဘဲ နှစ်ကြိမ်တိုင်အဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ဟာ မွန်ပြည်နယ် ရေးမြို့မှာဖြစ်ခဲ့တာဖြစ်ပြီး ခဲအိုဖြစ်သူ မင်းထွန်း (ခ) ငခွင် ဟာ အိပ်ပျော်နေစဉ်သားမယားပြုကျင့်ခဲ့တာဖြစ်ပါတယ်။

မင်းထွန်းဟာ မိန်းကလေးအား သြတ်ဂုတ်လ(၂၀) ရက်နဲ့ (၂၁) နှစ်မှာ တစ်ကြိမ်စီပြုကျင့်ခဲ့တာဖြစ်တာတယ်လို့ မိခင်ကိုပြန်ပြောပြချက်အရ သိရှိရပါတယ်။

သားဖြစ်သူနဲ့သမီးဖြစ်သူတို့ ရှိနေစဉ် ပထရက်မနက် (၅) နာရီနဲ့ဒုတိယရက် မနက်(၄)နာရီ လောက်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူဒေါ်အေးနွယ်မှာ (၁၉) ရက်လောက်တည်းက ပေါင်းမြို့နယ် ရင်ငြိမ်းရွာမှာ ရာဘာအစေးခြစ်ဖို့အတွက်သွားရောက်တာဖြစ်ပါတယ်။

သို့ပေမဲ့ ပြုကျင့်နေတာကို သားဖြစ်သူမြင်သော်လဲ မပြောရဲဘဲ မိခင်လာမှပြန်လည်ပြောခြင်းဖြစ်တယ်လို့ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။မင်းထွန်းအား ဒေါ်အေးနွယ်တရားစွဲဆိုထားပြီး ရဲစခန်းလိုအပ်တာများကို ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။

သတင်းအရင်းမြစ် DVB TV

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။