YBSကားပေါ်သို့ အတင့်ရဲစွာနဲ့ ခရီးသည်များထံမှ ငွေလု ခိုး နှိုက် မှုတွေဖြစ်ပွားလျှက်ရှိပါတယ်။ခရီးသည်များအနေနဲ့ ဒီကိစ္စတွေဖြစ်ပေါ်ခြင်းဟာကြောက်လန့်စရာလို ဖြစ်နေပါပြီ။ယခုအခါတွင်လည်း ထပ်မံ ခိုးဆိုးလုနှိုက်သူ လေးဦးကို စစ်ဆေးဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။ရန်ကုန်တိုင်းမြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး နယ်မြေအတွင်း သတင်းစုံစမ်းဆောင်ရွက်နေစဉ် သြဂုတ်လ ၂၅ ရက်နံနက် ၅ နာရီခန့်က အင်းစိန်မြို့နယ်ဖော့ကန်ဈေးတိုင်ဘက်မှ ၁ ဂိတ် မှတ်တိုင်ဘက်သို့ မောင်းနှင်လာသော YBSလိုင်းအမှတ် ၄၀ ပေါ်မှဆင်းလာသူများကို မသကာၤသဖြင့် စစ်ဆေးခဲ့ရာ ခိုးမှု၊ခါးပိုက်နှိုက်မှု၊လုယက်မှုများကျူးလွန်သူများကို ထပ်မံတွေ့ရှိခဲ့သည်။

ယင်းပြစ်မှုကျူးလွန်သူများမှာ လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ထွန်းတောက်(ခ)မြင့်ဦး (၆၂)နှစ်၊အောင်ကျော်(၄၂)နှစ်၊အောင်သူမိုး(၂၃)နှစ်နှင့်အရှည်ကြီး(ခ)မောင်ငယ်(ခ)ဝင်းဦး(၄၈)နှစ်တို့ဖြစ်ကြောင်းသိရပါတယ်။ယင်းလေးဦးကို တွေ့ရှိသဖြင့် စစ်မေးရာအောင်ကျော်ထံမှ ငွေကျပ် ၄၀၈၀၀ကျပ်ကိုတွေ့ရှိခဲ့သည်။ငွေများနှင့်ပတ်သက်ပီးစစ်ဆေးရာ အဆိုပါငွေများကို ယာဉ်ပေါ်ပါအသက် (၄၀)ခန့်ရှိသူ အမျိုးသမီးတစ်ဦးရဲ့ဘေးလွယ်အိတ်အတွင်းမှ နှိုက်ယူခဲ့သော ငွေများဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

စစ်ဆေးပေါ်ပေါက်ချက်အရ အောင်ကျော်ပါ လေးဦးတို့အား အင်းစိန်မြို့မရဲစခန်းက(ပ)၂၂၈၈/၂၀၁၇ပြစ်မှုဥပဒေ-၃၇၉ဖြင့် အမှုဖွင့်ကာ အရေးယူနေကြောင်းသိရပါတယ်။ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့အနေဖြင့်ခိုးမှု ၊လုယက်မှုကျူးလွန်သူများ ဖမ်းဆီးရမိရေးအတွက် တစိုက်မတ်မတ်ဆောင်ရွတ်ရန် စွန်ရဲစီမံချက်အဆင့် (၃)ကို ဇူလိုင်၁ ရက်မှ သြဂုတ် ၃၁ရက်အထိ စီမံချက်ကာလအဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်းသိရပါတယ်။

သတင်းအရင်းမြစ် စံေတာ္ခ်ိန္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။