ကျောက်ကြီးမြို့နယ် သိမ်းတန်းရပ်ကွက်တွင်ဖြစ်ပွားခဲ့တာပါ။နေအိမ်ပိုင်ရှင် ဒေါ်ခင်မာညိုတစ်ယောက်ထဲရှိစဉ် ဓားထောက်လုယက်ခြင်းပါတယ်။သြဂုတ်လ(၂၄)ရက် နံနက်(၉) နာရီခွဲလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီးဖြစ်စဉ်မှာ ဒေါ်ခင်မာညိုသည် တစ်ရပ်ကွက်ထဲနေ ဒေါ်စန်းဝင်းနှင့် ထိုနေ့မှာ နေအိမ်မှာရှိနေခဲ့ပါတယ်။သူတို့နှစ်ယောက် စကားပြောနေစဉ် မဇင်မာဝေဆိုသော အသက်(၂၄)နှစ်အရွယ် မိန်းကလေးတစ်ဦးရောက်လားပြီး ယောက်ကထီးဖြစ်သူက ခြံထွက်သီးနှံများပေးခိုင်းလိုက်တယ်လို့ ပြောကာပြန်ထွက်သွားခဲ့ပါတယ်။

သူမဟာ သိပ်မကြာ ပြန်ရောက်လာပြီး ဒေါ်ခင်မာညိုနှင့်စကားစမြည် ပြောနေသူ ဒေါ်စန်းဝင်းအား ၄င်း၏ခင်ပွန်းမှ ခေါ်ခိုင်းလိုက်တယ်လို့လာပြောပါတယ်။ဒေါ်စန်းဝင်းထွက်သွားပြီး မကြာမီဒေါ်ခင်မာညိုက ဟင်းချက်ရန်ထ၍ပြင်စဉ်နေချိန်တွင် မဇင်မာဝေမှာ ဒေါ်ခင်မာညို အသက်(၆၅) နှစ်အား ဗိုက်အား လွယ်အိပ်ထဲမှအသင့်ပါလာသော ၁၃ လက်မခန့် ဓားဖြင့်ထောက်ပြီး ရှိတာအကုန်ထုတ်ပေးမပေးရင်ဓားနဲ့ထိုးသတ်မယ်လို့ ပြောပြီးခြိမ်းခြောက်ပါတယ်။

ဒေါ်ခင်မာညိုမှလဲ ဓားအားပြန်လု၍ ရပ်ကွက်အားအော်ဟစ်အကူအညီတောင်းခဲ့ရာ ရပ်ကွက်ထဲမှ လူများချက်ချင်းရောက်လာပြီး တရားခံမဇင်မာဝေအားဖမ်းဆီး၍ရဲစန်းအား ပို့ခဲ့ပါတယ်။

အမှုကို ကျောက်ကြီးမြို့ရဲစခန်းမှ (ပ)၂၀၆/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၈၇ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။

သတင်းအရင်းမြစ် thithtoolwin new

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။