ကော်နာ မက်ဂရီဂေါ် နှင့် မေဝဲသာတို့ ယှဉ်ပြိုင်တဲ့ အကြီးမားဆုံုးလက်ဝှေ့ပွဲမှာ မေဝဲသာက အနိုင်ရရှိခဲ့ပါတယ်။ရာစုုနှစ်ရဲ့ အကြီးမားဆုံုးလက်ဝှေ့ပွဲမှာတော့ ရှုံးပွဲမရှိစံချိန်တင်ထားတဲ့ မေဝဲသာက UFC ချန်ပီယံ ကော်နာ မက်ဂရီဂေါ် ၁၀ ချီမှာ အနိုုင်ရခဲ့ပါတယ်။ဒီပွဲဖြစ်လာခြင်းဟာလည်း ဒီပွဲမတိုုင်မီ အထိ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန် စကားလုံုးတွေနဲ့ စစ်ဆိုုးခဲ့ကြရာမှ လို့လည်းသိရပါတယ်။ပွဲကတော့ ရင်တထိတ်ထိတ်နဲ့ ပရိသတ်တွေအတွက် ရင်ခုံစရာကောင်းလှပါတယ်။

ကော်နာ မက်ဂရီဂေါ်ကအစောပိုုင်း ၃ချီမှာ လျင်လျင်မြန်မြန်၊ လက်သီးချက်များများနဲ့ ထိုုးသတ်ခဲ့ပါတယ်။ မေဝဲသာဟာ ကော်နာရဲ့ လျင်မြန်မှုကြောင့် ၃ချီ၊ ၄ချီအထိ ခံစစ်ပုံုစံမျိုးနဲ့ ထိုုးသတ်ခဲ့ပါတယ်။ အထူးသဖြင့် ကော်နာရဲ့ Conunter လက်သီးချက်တွေ အများစုု ထိမှန်ခဲ့ပါတယ်။ ၄ချီနောက်ပိုုင်းမှာတော့ သက်လုံုပိုုကောင်းပြီး လက်ဝှေ့အတွေ့ ၂၁နှစ်ရှိတဲ့ မေဝဲသာက အသာစီးနဲ့ စတင်ထိုုးသတ်လာခဲ့ပါတယ်။ဒီပွဲမှာ အသက်အရွယ်ကွာပေမဲ့ ကြံခိုင်မှု သက်လုံ တွေကတော့ အသက်အရွယ်ကြီးပေမဲ့ ဝါရင့်မေဝဲသာက အသာစီးနဲ့ဆိုရင် မမှားပါဘူး။

ဆရာကျတဲ့ အမူအရာတွေနဲ့ အေးဆေးစွာဆော့ခဲ့တဲ့ မေဝဲသာကတော့ ထိုးနှက်ချက်တွေ က နည်းပေမဲ့ တိကျတဲ့ပြင်းထန်တဲ့ထိုးချက်မို့ပြိုင်ဘက် ကော်နာရံှုးနိမ့်ခဲ့ရတာပါ။

ကော်နာက နည်းဗျူစာကောင်းပေမဲ့ မေဝဲသာထိုးချက်တွေကြောင့် ၉ ချီမှာ အလဲထိုုးလုုနီးပါ ထိုုးသတ်ခဲ့ပြီး ကြိုးဝိုုင်း ဒိုုင်လူကြီးက ပွဲကိုုရပ်ပြီး အနိုုင်ပေးခဲ့ပါတယ်။ ဒါကြောင့် မေဝဲသာဟာ လက်ဝှေ့ သက်တမ်းတစ်လျောက် ပွဲ ၅၀ဆက် ရှုံးပွဲမရှိစံချိန် တင်နိုုင်ခဲ့ပြီး ဆုုကြေးငွေ ဒေါ်လာ သန်း ၁၀၀ကျော် ရခဲ့ပါတယ်။ ဒီပွဲအပြီးမှာတော့ အနိုုင်ရခဲ့တဲ့ မေဝဲသာဟာ နောက်ထပ် ထိုုးသတ်ဖိုု့ မရှိတော့ကြောင်းနဲ့ ဒါဟာ သူ့အတွင် နောက်ဆုံုး လက်ဝှေ့ပွဲဖြစ်တယ်လိုု့ ဆိုုပါတယ်။

ပြိုင်ဖက် ကော်နာနဲ့ ပတ်သက်ပြီး သူဟာ ကျွန်တော် ထင်ထားတာထက် ပိုုကောင်းခဲ့တယ်။ ကျွန်တော်တိုု့တွေ ပရိသတ်တွေအတွက် အကောင်းလုံုးလုုပ်ပြခဲ့တယ်လိုု့ ဆိုုပါတယ်။ ကော်နာကတော့ ကျွန်တော် အစောပိုုင်းမှာ ကျွန်တော် အသာစီးနဲ့ ထိုုးနိုုင်ခဲ့ ပါတယ်။ နောက်ပိုုင်းမှာတော့ သူအခွင့်အရေးတွေရလာခဲ့တာပါ။ ဒီပွဲက အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲလိုု့ထင်ပါတယ်။ ပရိသတ်တွေလည်း ကျေနပ်ကြလိမ့်မယ်လိုု့ ပွဲအပြီးမှာ ဆိုုခဲ့ပါတယ်။

သတင်းအရင်းမြစ် bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။