သြဂုတ် ၂၆ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြိုမ ရဲစခန်းမှာမနေ့ (သြဂုတ် ၂၅ရက်) မနက်ပိုင်းက အချုပ်ခန်းဖောက်ကာထွက်ပြေးတာကြောင့် အချုပ်သား ၁၀ဦးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။အဆောက်အဦးဟောင်း တစ်ခုဖြစ်တဲ့ မော်လမြိုင်ကျွန်း မြို့မရဲစခန်းဟာအပေါ်ထပ်အချုပ်ခန်း ကြမ်းခင်းဆွေးနေတယ်လို့သိရပါတယ်။မနက် ၃နာရီခန့်မှာ အချုပ်သားတွေဟာ ကြမ်းခင်းဖောက်ကာ ပုဆိုးကိုကြိုးသဖွယ်အသုံးပြုပြီးထွက်ပြေးသွားကြတာဖြစ်တယ်လို့ သိရပါတယ်။

ထွက်ပြေးလွတ်မြောက်သွားသူ ၁၀ဦးလို့လဲသိရပါတယ်။ယင်းအထဲတွင် ခိုးမှုကျူးလွန်ထားသူ ၄ဦး တစ်လင်တစ်မယားဥပဒေပုဒ်မနဲ့ ဖမ်းထားသူ ၂ဦးနဲ့ ကျန် ၄ဦးကတော့ အမှုသေးတွေနဲ့ဖမ်းဆီးထားသူတွေဖြစ်တယ်လို့ မော်လမြိုင်ကျွန်းမြို့မ ရဲစခန်းကနေ သိရပါတယ်။ထွက်ပြေးလွတ်မြောက်နေတဲ့ အချုပ်သားတွေကတော့ ဖြိုးအောင် သန်းထွန်း ထွန်းထွန်းဝင်း မျိုးလွင် ရဲသွေးအောင် အောင်ဆန်းဦး စိုးပိုင် ကြည်စိုး ဌေးဝင်း တို့ ဖြစ်ပါတယ်။အချုပ်သား ၈၀ခန့် ရှိတဲ့ မော်လမြိုင်ကျွန်း မြို့မရဲစခန်းမှာ

အချုပ်သားထားစရာနေရာမလုံလောက်တဲ့အတွက် ၄၁ယောက်ကို အပေါ်ထပ်အချုပ်ခန်းဟောင်းမှာ ချုပ်နှောင်ထားတာဖြစ်ပြီး ၁၀ဦးဟာ ကြမ်းခင်းဖောက်ထွက်ပြေးပြီး ကျန်အချုပ်သားတွေကတော့ ထွက်ပြေးလို့ပြန်မိတဲ့အခါ ပြစ်မှုပိုကြီးမှာ စိုးတာကြောင့် ထွက်မပြေးပဲနေကြတယ်လို့သိရပါတယ်။

လက်ရှိချိန်မှာ ထွက်ပြေးအချုပ်သား တစ်ဦးတယောက်မှ ဖမ်းဆီးရမိခြင်းမရှိသေးပဲ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးကိုယ်တိုင်ဦးစီးပြီး ကုန်းကြောင်း ရေကြောင်းတွေမှာ ပိတ်ဆို့ရှာဖွေမှုတွေပြုလုပ်လျှက် ရှိတယ်လို့ သိရပါတယ်။

သတင်းအရင်းမြစ် Ayeyarwaddy

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။