မြန်မာ့ပထမဦးဆုံး ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် စစ်လွန်းဝတီထက်

စစ်လွန်းဝတီထက်ဆိုတာ ပရိသတ်တွေနဲ့ မစိမ်းတဲ့ မေမေထက်ထက်မိုးဦးရဲ့ ချစ်သမီးလေး ဖြစ်ပါတယ်။ မေမေကမင်းသမီးဆိုတော့လည်း ဒီသမီးလေးမှာ အနုပညာကို ချစ်တဲ့သွေးတွေ စီးဆင်းနေမှှာပေါ့။ ဒါကြောင့် စစ်လွန်းလေးက အသက်ငယ်ငယ်လေးနဲ့ ကြော်ငြာမင်းသမီးလေး ဖြစ်လာတာပေါ့။ မေမေလိုပဲ ချစ်စဖွယ်ဟန်ပန်လေးတွေလုပ်တတ်တဲ့ စစ်လွန်းလေးတစ်ယောက် အခုဆိုရင်တော့ ရုပ်ရှင်ဇာတ်ကားတွေ စရိုက်ဖို့စီစဉ်နေပါပြီ………

မြန်မာ့ပထမဦးဆုံး ဒိုင်နိုဆောရုပ်ရှင်ဇာတ်ကား Dinosaurs Village (Journey To The Pangaea) ကို ဒါရိုက် တာညိုမင်းလွင်က ရိုက်ကူးပုံဖော်တော့မှာဖြစ်ပြီး အဓိက ကလေးသရုပ် ဆောင်တွေနေရာမှာတော့ သရုပ်ဆောင်အဆိုတော် စိုင်းလွှမ်းနဲ့ အကယ်ဒမီ ထက်ထက်မိုးဦးတို့ရဲ့သမီးလေး စစ်လွန်းဝတီထက်က ပါဝင်သရုပ် ဆောင်သွားမှာ ဖြစ်ပါတယ်။

စစ်လွန်းဝတီထက်က ကြော်ငြာတွေကိုသာ ဆက်တိုက်ရိုက်ကူးဖြစ်ပေမယ့် ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားတွေကို ရိုက်ကူးဖူးထားခြင်း မရှိတဲ့အတွက် သူ့ရဲ့ သရုပ်ဆောင် အနုပညာဗီဇကို ပထမဦးဆုံးထုတ်ပြခွင့်ရမယ့် ရုပ်ရှင်ဇာတ်ကားဖြစ်လာမှာဖြစ်တယ်လို့ ဖခင်ဖြစ်သူကပြော ပါတယ်။

သူ့ရဲ့သမီးလေးနဲ့ပတ်သတ်ပြီး ဖခင်ဖြစ်သူကတော့ “သူက ဝါသနာပါတာကို လုပ်နေရရင် ပျော်ရွှင်နေတတ်တဲ့သူ အခုလို ရိုက်ရမယ်ဆိုတော့ အစ်ကိုတို့လည်း ပျော်တာပေါ့။ သူက အဓိက ပြောရရင် အနုပညာနဲ့ပတ်သက်ပြီးတော့ပဲ သူနေထိုင်တယ်။ သူ့ရဲ့Relax တစ်ခုကလည်း ဓာတ်ပုံ တွေရိုက်တာ၊ သီချင်းဆိုတာ၊ သီချင်း တီးတာတွေလုပ်လေ့ရှိတယ်။ သူစိတ်ဝင်စားတာကိုပဲ သူလေ့ လာနေတာကို သွားတွေ့ရတယ်။ အစ်ကိုကိုယ်တိုင် သူ့ရဲ့အနုပညာအပြု အမူတွေကို သတိထားမိ လာတယ်။ အနုပညာ ဗီဇပါလာနေတာကို သွား တွေ့ရ တယ်။ ပြီးတော့ စစ်လွန်းလေးက ဗီဒီယိုနဲ့ ရုပ်ရှင်တစ် ခါမှမရိုက်ဖူးသေးဘူး။ အစ်ကိုတို့ မိဘတွေဘက်ကလည်း ရိုက်ဖို့ကို စီစဉ်ပေး မထားတာဘာဖြစ်လို့လဲဆိုတော့ ကလေး သရုပ်ဆောင် အနေနဲ့ မဖြစ်စေချင်ဘူးလေ။ ဒါ ပေမဲ့ ကိုညိုမင်းလွင်က သူဖန်တီးထားတဲ့ ဒိုင်နို ဆော Clip လေးကို ပြလာတဲ့အချိန်မှာ စစ်လွန်းဝတီ ထက်လေးကို မေး ကြည့်တဲ့အချိန်မှာလည်း လုပ်မယ် လုပ်ချင်တယ် ဆိုတာနဲ့ ခွင့်ပြုလိုက်တယ်။ ပြီးတော့ တစ်ခုပြန် စဉ်းစားတော့ ဒီလိုဇာတ် ကားမျိုးကို သူအရွယ် ရောက်လာလို့ ပြန်ကြည့်တဲ့ အခါမှာ အမှတ်တရ ဖြစ် နေစေမယ်လေ။ ပြီးတော့ ကိုညိုမင်းလွင်ရဲ့ သမီး လေး နှစ်ယောက်လည်းပါတော့ သူနဲ့က သူငယ်ချင်းတွေဆိုတော့ ပျော်နေတာပေါ့” လို့ စစ်လွန်းလေးရဲ့ ဖခင်ကပြောပါတယ်။

ရုပ်ရှင်ဇာတ်ကား ဖြစ်လို့ စစ်လွန်းဝတီ ထက်လေးကို ရိုက် ကူးခွင့်ပေး လိုက် တာ မျိုးမဟုတ် ဘဲ ဒါရိုက်တာ ညိုမင်းလွင် ရိုက်ကူးတဲ့ ဒိုင်နိုဆောဆိုတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် စစ်လွန်းဝတီ ထက်လေးအတွက် ဘဝအမှတ်တရ တစ်ခုဖြစ်စေချင်လို့ပဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Source: Facebook

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။