အမေရိကန်၏ပိတ်ဆို့မှုများ၊ စစ်ရေးအရ အရေးယူမည်ဟု သမ္မတဒေါ်နယ်ထရန်ကခြိမ်းခြောက်လိုက်တာဖြစ်ပါတယ်။ထို့ဖြစ်ရပ်ကြောင့် အာခံသည့်အနေဖြင့် သြဂုတ်လ ၂၆ရက်နေ့ကစတင်ကာ ဗင်နီဇွဲလားစစ်ရေးလေ့ကျင့်မှုများအတွင်းစစ်သားများသာမက အရပ်သားများကိုပါ လေ့ကျင့်သင်ကြားပေးတယ်လို့သိရပါတယ်။အဲဒီသင်ကြားမှုတွင် အရပ်သားများကို ရိုက်ဖယ်ပစ်နည်း၊ဒုံးကျည်ပစ်နည်းနှင့် တိုက်ခိုက်နည်းများကိုသင်ကြားပေးနေတယ်လို့သိရပါတယ်။

ယခုစစ်ရေးလေ့ကျင့်မှုကတော့ နှစ်ရက်ကြာမြင့်မယ်လို့လည်းသိရပါတယ်။ ဗင်နီဇွဲလားစစ်တပ်မှ စစ်သား ၂၀၀,၀၀၀ နှင့်အတူ စစ်လေယာဉ်များ၊ တင့်ကားများ ပါဝင်ခဲ့ကြပါတယ်။နောက်ပြီး အရန်တပ်ဖွဲ့ဝင်နှင့် အရပ်သား ၇၀၀,၀၀၀ ကျော်လည်း ပါဝင်ခဲ့ကြသည်ဟု သိရသည်။မြို့တော် ကရာကက်ရှိ စစ်သင်တန်းကျောင်းတစ်ခုတွင် စစ်သားများသည် အရပ်သားများကို လက်သီးထိုးနည်း၊ ဒုံးလောင်ချာ၊ လေယာဉ်ဖျက် သေနတ်ပစ်နည်း၊ အတားအဆီးများကို ဖြတ်ကျော်နည်းများအား သင်ကြားပေးခဲ့သည်။

“ယန်ကီးတွေ ထွက်သွား” ဟု အသက် ၆၀ အရွယ် အမျိုးသမီးတစ်ဦးသည် ရိုင်ဖယ်တစ်လက်ကို ကိုင်ကာ လေ့ကျင့်နေရင်း ဟစ်ကြွေးခဲ့သည်။ စစ်ရေးလေ့လာသူတစ်ဦးဖြစ်သည့် ရိုစီယိုမီဂူက ယခုစစ်ရေးလေ့ကျင့်မှုများ သည် ဝါဒဖြန့်ချိရေးထက် ထရန့်အား အထူး စိန်ခေါ်မှုတစ်ခုဖြစ်သည်ဟု သုံးသပ်ခဲ့သည်။ သမ္မတထရန့်သည် အစောပိုင်းက ဗင်နီဇွဲလားကို စစ်ရေးဖြင့်အရေးယူရန် စဉ်းစားနေသည်ဟု ဆိုသော်လည်း နောက်ပိုင်းတွင် ၎င်း၏အစိုးရအဖွဲ့က ပြန်လည်လျှောချခဲ့သည်။

သတင်းအရင်းမြစ် eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။