ယမန်နေ့ည သြဂုတ်လ (၂၇) ရက်နေ့ ညပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ငြိမ်းချမ်းရေး ဂီတပွဲတော်ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ရန် စီစဉ်ထားကြောင်း သိရှိရပါတယ်။ သို့သော် ယခုဖြစ်ပွားနေသော မောင်းတောဒေသ ဖြစ်စဉ်များနှင့် အခြေအနေ အရပ်ရပ်တို့ကြောင့် ငြိမ်းချမ်းရေး ဂီတပွဲတော်ကို ရွှေ့ဆိုင်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို ယာယီရွှေ့ဆိုင်းလိုက်ခြင်းဖြစ်ပြီး ပြန်လည်ကျင်းပမည့် ရက်ကိုလည်း ဆက်လက်ကြေငြာပေးမည် ဟု သိရှိရပါတယ်။

မောင်တောဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျဆုံးသွားတဲ့ သူအတွက် လေးစားပြီး ဒီပြိုင်ပွဲကို ရွှေ့ဆိုင်းလိုက်တာ ဖြစ်ပါတယ်။ ဒီနေ့လည်း ဒေသရှိ တိုက်ပွဲရှောင်တွေကို သွားရောက်လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါတယ် လို့ ငြိမ်းချမ်းရေး ဂီတပွဲတော်၏ အကဲဖြတ် ဒိုင်တစ်ဦးဖြစ်တဲ့ နောင်နောင် (Sun flower) တေးရေးဆရာ မှ ပြောကြားခဲ့ပါတယ်။

ဒီလို ရွှေ့ဆိုင်းမှုအပေါ် ပြိုင်ပွဲဝင်တွေကိုလည်း နားလည်အောင် ရှင်းပြထားပါတယ်။ သူတို့ကလည်း လက်ရှိအခြေအနေကို နားလည်ပါတယ်။ ဒီနေရာကို နောက်တစ်ခါပြန်လာပြီး ကျင်းပဖို့ မလွယ်ကူတော့ပါဘူး။

ဒါ့ကြောင့် အကြမ်းဖျင်းသိရသလောက်ကတော့ ဒီဒေသက ဆန်ခါတင် ပြိုင်ပွဲဝင် ၁၀ဦးကို ရန်ကုန်ကိုခေါ်ပြီး ဖို်င်နယ်ပွဲကို ကျင်းပ ပြိုင်ခိုင်းမယ်လို့ ကြားသိရပါတယ် လို့ ငြိမ်းချမ်းရေး ဂီတပွဲတော်၏ အကဲဖြတ် ဒိုင်တစ်ဦးဖြစ်တဲ့ ခင်မြတ်မွန် (တေးသံရှင်) မှ ပြောကြားခဲ့ပါတယ်။

ဒေသခံပြိုင်ပွဲဝင်များက လည်း မောင်တောဒေသဖြစ်စဉ်များနှင့် ပတ်သက်ပြီး စိတ်မကောင်းဖြစ်ရကြောင်း၊ ကြေကွဲဝမ်းနည်းရကြောင်း နှင့် ဒီပြိုင်ပွဲနဲ့ ပတ်သက်ပြီး ဆက်လက်စောင့်မျှော်ပြီး အားပေးစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့တယ်လို့ သိရပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။