သရုပ်ဆောင် သက်မွန်မြင့်ဟာသူမရဲ့ ရယ်ပြုံးနေတဲ့ မျက်နှာလေးကြောင့်ရယ်၊ ကောင်းမွန်တဲ့သရုပ်ဆောင်မှုကြောင့်ရယ်နာမည်ကြီးတဲ့ မင်းသမီးတွေထဲမှာပါပါတယ်။ လက်ရှိအိမ်ထောင်နှင့် သားရတနာလေးမွေးဖွားခဲ့ပြီး ယခုလောလောဆယ်တော့ ၇ လရှိပြီဖြစ်တဲ့ သန္တေသားလေးကို လွယ်ထားရပါတယ်။

သူမရဲ့ လက်ရှိကျန်းမာရေးကိုမေးမြန်းတဲ့အခါမှာတော့ ယခင်ကလိုမျိုးဘဲ ကျန်းမာရေးချူချာနေဆဲဟုသိရပါတယ်။ အားဆေးတွေအစားအသောက်တွေနှင့်သေချာဂရုစိုက်ပြီး စားသောက်နေတယ်လို့လဲဆိုပါတယ်။ သူမ ယခုလောလောဆယ်မှာ ပြုလုပ်နေတဲ့ အနုပညာလှုပ်ရှားမှုတွေကြောင့်လည်း အရမ်းပင်ပန်းနေတယ်လို့ပြောခဲ့ပါတယ်။

သက်မွန်မြင့်ဟာ ယခုလောလောဆယ်မှာတော့ Save The Children မှာ သံတမန် အနေနှင့် ဆောင်ရွက်နေပြီး မြန်မာ နိုင်ငံမှာရှိတဲ့ ကလေးသူငယ်တွေ ရက်တစ်ထောင်အတွင်း အာဟာရပြည့်ဝအောင် ကျွေးမွေးသင့်တယ်ဆိုတဲ့ရည်ရွယ်ချက်နှင့်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူမ ထိုပွဲကို တက်ဖို့တောင် မနက်က တော်တော်ထလာရတယ်လို့ပြောခဲ့ပါတယ်။ ပရိသတ်တွေလည်း သက်မွန်သားသားလေး မွေးမလား မီးမီးလေး မွေးမလားဆိုတာ ခန့်မှန်းသွားကြဦးနော်။ မကြာခင် ဝိတိုရိယမှာ မွေးမယ့် သက်မွန်မြင့်အတွက်လည်း ဆုမွန်ကောင်းလေးတောင်ပေးလိုက်ကြပါဦး။

Source: Myanmarcelebrity

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။