တရုတ်ပြည်မှာတော့တကယ်ဖြစ်ခဲ့တာပါ။ တရုတ်မှာ ယောကျာ်းလေးဦးရေက များနေပြီး မိန်းကလေးဦးရေက နည်းနေလို့ပဲလား၊ သူမကတော့ သူ့ချစ်သူကို လူလယ်ခေါင် ဒူးထောက်ပြီးပြဇာတ်ဆန်ဆန် လက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ သူ့ချစ်သူလိုချင်တဲ့ မော်တော်ဆိုင်ကယ်ကို ပိုက်ဆံစုဝယ်ပြီး သူ့ချစ်သူရှိရာကိုမောင်းလာပြီး ပိုင်ဆိုင်မှုစာချုပ်နဲ့အတူ ဒူးထောက်လက်ထပ်ခွင့်တောင်းခဲ့တာပါ။
သူမဟာ သူ့ကိုလက်ထပ်ခွင့်မတောင်းခင် မော်တော်ဆိုင်ကယ်စီးလာပြီး " အချစ်ရေ၊ နင်လိုချင်တဲ့ ဆိုင်ကယ်ငါပိုက်ဆံစုပြီးဝယ်လာပြီ။ ငါ့ကိုလက်ထပ်ပါ။ ပိုင်ဆိုင်မှုစာချုပ်မှာ နင့်နာမည်ထည့်ပေးပါ့မယ်။ " လို့အော်ပြောပြီး ဒူးထောက်လက်ထပ်ခွင့်တောင်းခဲ့တာပါ။
ပုံမှန်ဆို ယောကျာ်းဖြစ်သူက အရှက်ရမှာဖြစ်ပေမာ့် ဒီအမျိုးသားကတော့ ပြုံးပြီးခေါင်းညိတ်ပြီး လက်ထပ်ဖို့ သဘောတူခဲ့ပါတယ်။
Source : Shanghaiist
Translated by Alexa
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။