ထူးဆန်းစွာပျောက်ဆုံးသွားတဲ့မြန်မာ့လေတပ်ကတိုက်လေယာဉ်

ဒီနေ့မနက်ပိုင်းမှာတပ်မတော်(လေ)မှ

ဂျက်လေယာဉ်သုံးစီးဟာပုသိမ်လေဆိပ်ကနေပျံသန်းရေး

လေ့ကျင့်ခန်းတွေကိုပြုလုပ်နေခဲ့ကြပါတယ်။အဆိုပါတိုက်လေယာဉ်တွေဟာယူဂိုစလားဘီးယား

နိုင်ငံကနေထုတ်လုပ်ထားတဲ့Soko G-4ဆိုတဲ့တိုက်

လေယာဉ်အမျိုးအစားတွေလို့သိရပါတယ်။

တိုက်လေယာဉ်သုံးစီးဟာပုသိမ်လေဆိပ်ကနေဝေဟင်ပေါ်

ပျံသန်းလေ့ကျင့်နေဆဲမှာတိုက်လေယာဉ်မှူးဗိုလ်မှူး

ကောင်းထိုက်မောင်းနှင်နေတဲ့ဂျက်လေယာဉ်ဟာ

ပုသိမ်-ဟင်္သာတ-ဂွ-ပုသိမ်လမ်းကြောင်းအတိုင်း

မောင်းနှင်နေရင်းထူးဆန်းစွာပျောက်ဆုံးသွားခဲ့တယ်လို့သိရပါတယ််။

ဗိုလ်မှူးကောင်းထိုက်ရဲ့တိုက်လေယာဉ်နဲ့

ပုသိမ်လေဆိပ်တို့နောက်ဆုံးအဆက်အသွယ်ရချိန်က

ဂျက်လေယာဉ်ရဲ့တည်နေရာကပုသိမ်မြို့အနောက်မြောက်

ဘက်350ဒီဂရီ၊အကွာအဝေးအနေနဲ့36မိုင်အကွာလို့သိရပြီး

နံနက်9နာရီ18မိနစ်မှာပျောက်ဆုံးခဲ့တယ်လို့သိရပါတယိ။

အဆိုပါတတိုက်လေယာဉ်ကိုမြေပြင်တပ်တွေနဲ့အတူတပ်မတော်(လေ)မှလေယာဉ်၊ရဟတ်ယာဉ်တွေနဲ့ ့ပိုက်စိပ်တိုက်

ရှာဖွေနေကြတယ်လို့နောက်ဆုံးသတင်းတွေအရသိရပါတယ်။

Soure-

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။