ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဒေသအတွင်းရှိ ရှေးဟောင်းအဆောက်အအုံများ၏ စုစုပေါင်း အရေအတွက်မှာ ၃၈၂၂ ခု ဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ စာရင်းသည် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဗိသုကာ အသင်းတို့မှ စစ်တမ်းကောက်ယူထားသော စာရင်းဖြစ်ကြောင်း သိရှိရပါတယ်။


ရှေးဟောင်းယဉ်ကျေးမှုတွင် တန်ဖိုးအလွန်မြင့်မားသော ပုဂံ ရှေးဟောင်းယဉ်ကျေးမှုကို UNESCO ၏ ထောက်ပံ့မှုဖြင့် ၁၉၈၂ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း ပြင်သစ်လူမျိုး ဗိသုကာပညာရှင် တစ်ဦးမှ စာရင်းကောက်ယူခဲ့ရာ ရှေးဟောင်းအဆောက်အအုံ စုစုပေါင်း ၂၈၃၄ ခုရှိသည်ဟု သိရှိရပါတယ်။ မြန်မာနိုင်ငံ ဗိသုကာအသင်းမှ စစ်တမ်းကောက်ယူခဲ့သော ရှေးဟောင်းအဆောက်အအုံ အရေအတွက်မှာ ၃၆၉၉ ခုဖြစ်ပါတယ်။ အသင်း၏ စစ်တမ်းတွင် မပါ၀င်ခဲ့သော အဆောက်အအုံအနေအတွက်မှာ ၁၂၃ ခုဖြစ်ကြောင်း သိရှိရပါတယ်။ မှတ်တမ်းပါ အဆောက်အအုံများ၏ အမှတ်အတိုင်း ကျန်ရှိနေသော အရေအတွက်မှာ ၂၇၃၀ ခု ဖြစ်ပြီး နံပါတ်ပြောင်း ရှေးဟောင်း အဆောက်အအုံ အရေအတွက်မှာ ၁၀၄ ခု ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။


အဆိုပါ စစ်တမ်းကောက်ယူရာတွင် ထူးခြားဖြစ်စဉ်များအနေဖြင့် လုံးဝ ပျောက်ကွယ်သွားသည့် အဆောက်အုံ အရေအတွက် ၄၃ ခု၊ ချုံများဖြင့် ဖုံးလွှမ်းနေသည့် အဆောက်အအုံအရေအတွက် ၃၉၄ခု၊ အသစ်ပြန်လည် တည်ဆောက်ထားသော အဆောက်အအုံ အရေအတွက် ၄၆၂ ခု တို့ဖြစ်ကြောင်းကိုလည်း သိရှိရပါတယ်။ ပုဂံရှေးဟောင်း ယဉ်ကျေးမှုဒေသနှင့် ပတ်သက်၍ မြန်မာဘုရင်များလက်ထက်ကပင် စတင်၍ စစ်တမ်းကောက်ယူခြင်းများ ပြုလုပ်လေ့ ရှိပါတယ်။ လက်ရှိ ၂၀၁၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် ဗိသုကာ အသင်းနှင့် အမျိုးသားပြတိုက် ဦးစီးဌာနတို့မှ ပေါင်းစပ်ထားသော စာရင်း စုစုပေါင်းမှာ ၃၀၂၂ ခု ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။