*သင့်အတွက် စိတ်နှလုံးမချမ်းမြေ့ဖွယ် ဓာတ်ပုံများပါဝင်ကြောင်း ကြိုတင်သတိပေးအပ်ပါသည်။*

၈နှစ်အရွယ် သမီးကို အမဲလိုက်ခိုင်းပြီး ပစ်လို့ရတဲ့သားကောင် သမင်ရဲ့ အသဲနှလုံးကို အစိမ်းစားခိုင်းတာကြောင့် ရက်စက်တဲ့အဖေကို ဝိုင်းပြီး အပြစ်တင်ကြပါတယ်။

Johnny Yuile နှင့် သူ့သမီး Chloe ဟာ နယူးဇီလန် မှာရှိတဲ့ Hawke's Bayin ကို ပြီးခဲ့တဲ့ အပတ်က အမဲလိုက်ထွက်ခဲ့ကြပါတယ်။ သူတို့ အမဲလိုက်ထွက်ခဲ့တာတွေကို လူမှုကွန်ရက် ဖြစ်တဲ့ facebook ကို တင်လိုက်တဲ့ အချိန်မှာတော့ လူအများကြားပြန့်နှံ့ခဲ့ပါတယ်။

သူက သမီးလေး Chloe (ကလိုဝီ) က 'နွေးထွေးပြီး လတ်ဆက်နေတဲ့ နှလုံးကိုတောင် တစ်ကိုက် ကိုက်ခဲ့ပါသေးတယ်' ဆိုပြီး NZ Woman Hunters ဆိုတဲ့ အမျိုးသမီးတွေ အမဲလိုက်တာနဲ့ ပတ်သက်ပြီး တင်တဲ့ page မှာတင်ခဲ့ပါတယ်။

'ကျွန်တော့ရဲ့ နင်ဂျာမင်းသမီးလေး ကလိုဝီနှင့် သူ့ရဲ့ အမဲကောင် သမင်လေးကို ကြည့်ကြပါဦး။ ကျွန်တော့ရဲ့ သူငယ်ချင်းရဲ့ လယ်ကွင်းထဲမှာ ပြီးခဲ့တဲ့ အပတ်ကပစ်ခဲ့တာလေ။' လို့လဲ John က ရေးခဲ့ပါတယ်။

အဲ့ဒီ ပိုစ် ကို share တဲ့သူ ၂၀,၀၀၀ ကျော်တောင်ရှိခဲ့ပြီး အဖေကို ရှုတ်ချ တဲ့comment တွေ လဲ များပြားခဲ့ပါတယ်။ သူ့ကို 'စောက်ရူး' 'စိတ်ဝေဒနာရှင်' 'ဦးနှောက်မကောင်းတဲ့သူ' လို့ လဲ ပြောခဲ့ကြပါတယ်။

John က ဆက်ပြီးပြောပါသေးတယ် 'ဒါက ကျွန်တော့်သမီးရဲ့ ပထမဦးဆုံး သမင်းကို ဖမ်းမိတာလေ။ သူမ ရှစ်လ သားလောက် ကထဲက ကျွန်တော် အမဲလိုက်တာကို တူတူပါလာခဲ့တာ။'

'၈နှစ် အရွယ် ကလေး အနေနဲ့ မနက်အစောကြီးထ ပြီး ညနေလောက်ထိ တနေ့လုံး လမ်းလျှောက်ရတာ ပင်ပန်းပေမယ့် သူမ တကယ်ကို ကြိုက်တယ်လေ။'

သူ့ကို ဝိုင်းပြီး မကောင်းပြောကြတဲ့ သူတွေကို John က ပထမဆုံးမိတဲ့ သားကောင်ရဲ့ နှလုံးကို စားတာက အမဲလိုက်တဲ့ ရိုးရာပဲ ဆိုပြီး ပြန်လည်ခုခံ ခဲ့ပါတယ်။

ထိုအပြင် နယူးဇီလန်ရဲ့ website တစ်ခုဖြစ်တဲ့ stuff.co.nz က အင်တာဗျူးလုပ်တဲ့ အခါမှာ လဲ John က 'ကျွန်တော့ ကို မကောင်းပြောတဲ့ သူတွေကို ကျွန်တော် မ မှု့ပါဘူး။' လို့လဲ ပြောကြားခဲ့ပ့တယ်။ သူ့ သမီးကလဲ သူမ ပထမဆုံး သမင်ကို အမဲလိုက်ခဲ့တာက အရမ်းကို မိုက်ပါတယ်လို့လဲ ပြောခဲ့ပါသေးတယ်။

ကလေးမ လေး က ထပ်ပြီးတော့ 'သမီးအဖေနဲ့ အတူတူ အမဲလိုက်ထွက်ကတာ အရမ်းပျော်ဖို့ကောင်းပါတယ်။ သမီးတို့အိမ်အတွက်လဲ စားစရာ အသားရတယ်လေ' လို့ပြန်လည်ဖြေကြားခဲ့ပါတယ်။

'သမီးဦးလေးက သမင်နှလုံးကို ကိုက်စားနေတာတွေ့တာနဲ့ သမီးလဲ စားချင်တယ်ဆိုပြီး တစ်ကိုက်ကိုက်လိုက်တာ။ အရသာက မဆိုးပါဘူး စားလို့ကောင်းပါတယ်' ဆိုပြီး သူမ သမင်အသဲနှလုံးကို အစိမ်းစားရတဲ့ အကြောင်းကို ပြောခဲ့ပါတယ်။

အဲ့ဒီပိုစ်ကို တင်ခဲ့တဲ့ NZ Woman Hunters ဆိုတဲ့ Facebook page ကတော့ အခုဆိုရင် ပိတ်ကျသွားပြီလို့လဲ သိရပါတယ်။

translated by Anna

Source: theladbible

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။