“မလွန်ဆန်နိုင်သော အမှန်တရား” အမည်ဖြင့် ဂီတကုသိုလ်ဖြစ် ရန်ပုံငွေပွဲကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် အမျိုးသားကဇာတ်ရုံ (ရန်ကုန်မြို့) တွင် ဒုတိယ အကြိမ်မြောက်အဖြစ် ထပ်မံကျင်းပမည် ဖြစ်ကြောင်း သိရှိရပါတယ်။ သန်လျင်သဘာဝ ရိပ်သာကို ၂၀၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး သက်ကြီးရွယ်အိုများ၊ စွန့်ပစ်ခံရသူ နာတာရှည်ရောဂါ ဝေဒနာရှင်များ၊ မိဘမဲ့ကလေးများ အပါအဝင် ရဟန်၊ သံဃာ၊ လူများ စုစုပေါင်း ၃၀၀၀ ကျော် ရှိတယ်ဟု သိရှိရပါတယ်။

အဓိက အနေနဲ့ကတော့ ဒီတရားရိပ်သာမှာ ခိုကိုးရာမဲ့နေတဲ့ သက်ကြီးရွယ်အိုတွေ၊ မိဘမဲ့ကလေးတွေ၊ ဆေးရုံတက်နေရတဲ့ သူတွေ အတွက် လှူဒါန်းဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ သန်လျင် သဘာဝ ရိပ်သာမှ ဆရာတော်က လက်ခံထားသဖြင့် ဆရာတော့်မှာလည်း အခက်အခဲ ရှိသလို ဒီလူ အများစုမှာလည်း အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒါ့ကြောင့် My Music Entertainment မှ ဦးစီးဆောင်ရွက်ပြီး ဆရာတော့်ရဲ့ အခက်အခဲ အချို့ကို ကူညီဖြေရှင်းပေးဖို့အတွက် ဂီတရန်ပုံငွေပွဲ စီစဉ်ရခြင်း ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ရန်ပုံငွေပွဲကို အဆိုတော် အယောက် ၂၀ ကျော်မှ မေတ္တာဖြင့် ပါ၀င်သီဆို ဖျော်ဖြေပေးကြမည်ဖြစ်ကြောင်း နှင့် အလှူရှင်များအနေဖြင့်လည်း ငွေကြေးသာမက အဝတ်အထည်၊ စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများလည်း လှူဒါန်းနို်င်ကြောင်း သိရှိရပါတယ်။ ဂီတရန်ပုံငွေ ပွဲကို ၁၆ ရက်နေ့ ညနေ ၅ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အလှူငွေ အနေဖြင့် လက်မှတ်တစ်စောင်လျှင် တစ်သောင်းကျပ်နှင့် ငါးထောင်ကျပ် ဟူ၍ နှစ်မျိုးနှစ်စား ရောင်းချမည်ဖြစ်ကြောင်း သိရှိရပါတယ်။

သတင်းအရင်းအမြစ် - မြန်မာ့အလင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။