မနေ့က စက်တင်ဘာ (၅) ရက်နေ့က ဖမ်းမိခဲ့တာဖြစ်ပါတယ်။ဖမ်းမိသူတွေထဲမှာတော့ သေနတ်ဖြင့်ပစ်ခတ်ခြိမ်းခြောက်သူ (၂) ဦးနဲ့ သေနတ်ရောင်းချသူ (၂) ဦး စုစုပေါင်း (၄) ဦးကိုဖမ်းမိခဲ့ပါတယ်။သြဂုတ်လ (၅) ရက်တွင်ဖြစ်ပွားခဲ့သော မရမ်းကုန်းမြို့နယ်ပြည်လမ်းနဲ့ယိုးဒယာဒလမ်းထောင့် ရှိသော Former Money Changer ဆိုင်တွင် မနက်(၈) နာရီတွင် ဖြစ်ပွားခဲ့တဲ့ဖြစ်စဉ်ဖြစ်ပါတယ်။

ထိုနေ့မှာ အမျိုးသားနှစ်ဦးက ဒေါ်လာ (၃၀) လဲပေးရန်ထုတ်ပေးပြီး ၀န်ထမ်းမိန်းကလေးမှ ၄၀၈၀၀ ကျပ်ပြန်ပေးရန် အကြွေမရှိ၍ ၄၁၀၀၀ ကျပ်ထုတ်ပေးပြီး ၂၀၀ ပြန်ပေးရန်ပြောနေစဉ် အမျိုးသားက သေနတ်ဖြင့်ချိန်ထားပြီး ကောင်တာတံခါးဖွင့်ခိုင်းရာ မိန်းကလေးမှကြောက်လန့်ပြီးထွက်ပြေးသဖြင့် သေနတ်ဖြင့်လှမ်းပစ်ရာ ဘုရားပန်းချီကားကို ထိမှန်ခဲ့ပါတယ်။ထိုအမျိုးသားနှစ်ရောက်ကတော့ ပါလာတဲ့ ဆိုင်ကယ်နဲ့ ထွက်ပြေးသွားခဲ့ပါတယ်။ထိုအမှုကို မရမ်းကုန်းမြို့မရဲစခန်းက အမှုဖွင့်ပြီး ဆက်လက်စုံစမ်းရာ လှည်းကူးမြို့နေ ပြည့်ဖြိုးသူ (ခ) ပြည့်သူ ဖြစ်ကြောင်းသိရှိပြီး လိုက်လံရှာဖွေရာနေအိမ်တွင်မရှိ၍ ထပ်မံစုံစမ်းရာ ပြည့်သူ သည်ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ပုံကျအလုပ်သမားများထဲမှ ရှာဖွေတွေ့ရှိခဲ့ပြီး သူကိုဆက်လက်မေးမြန်းခဲ့ရာ ကျော်ကျော်ခိုင် (ခ) ကောင်းကောင်းကိုပါမိခဲ့ပါသည်။

ထိုနောက် စောမြတ်သူ ကိုသေနတ်ဝယ်ယူခိုင်းခဲ့ကြောင်း သေနတ် ၁ လက် ကျည် ၁၄ တောင့်ကို ထိုင်းဘက်ငွေ ၃၂၀၀၀ ဖြင့်ဝယ်ယူပေးခဲ့ကြောင်း သေနတ်ကိုလည်းအသံမမြည်အောင် ဖေ့ဘုတ်မှ နည်းအတိုင်းလုပ်ထားကြောင်း ပြောပြပါတယ်။ထို့နောက် ရဲတပ်ဖွဲ့မှ စောမြတ်သူကို လိုက်လံဖမ်းဆီးခဲ့ပြီး သေနတ်ဝယ်ယူရာတွင်လိုက်ပါသူ မင်းမင်း(ခ) မင်းဟန်ကိုပါ ဖမ်းဆီးမိခဲ့ပါတယ်။ထိုကြောင့် ပြစ်မှုကျုးလွန်သူများကို လက်နက်များအက်ဥပဒေနှင့်ပါ ထပ်မံအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှဖော်ပြထားပါတယ်။

သတင်းအရင်းအမြစ် - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။