စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးများ ကာရန်လိုအပ်သည့် ဘဏ္ဍာငွေကို အစိုးရ ဖြည့်ဆည်းသွားမယ်လို့ သတင်းရရှိပါတယ်။စက်တင်ဘာ ၆ရက်မွန်းလွဲ ၃နာရီခွဲတွင် နိုင်ငံတော် သမ္မတအိမ်တော်၌ ရခိုင်ပြည်နယ်အရေး တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုရှင်းလင်းတင်ပြသည့်အခမ်းအနားပြုလုပ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

နယ်စပ်ခြံစည်းရိုးများ ပျက်စီးနေသည့် နေရာကို အမြန် ပြုပြင် ဆောင်ရွက်နေပြီး ခြံစည်းရိုးကာရန် ကျန်ရှိသည့်နေရာများကို အဆင့်မီလုံခြုံစွာ အမြန်ဆုံး ကာရံခြင်း တို့ကို ချက်ချင်းဆောင်ရွက်နေပြီး နယ်စပ်ခြံစည်းရိုးလုံခြုံမှု အားနည်းသည့်နေရာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ လုံလောက်စွာတိုးမြှင့် ချထားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့ကဆွေးနွေးခဲ့တယ်လို့သိရပါတယ်။ပြီးနောက် အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည်။

ယင်းတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယသမ္မတဦးမြင့်ဆွေနှင့် ဦးဟင်နရီဗန်ထီးယူ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ အတိုင်ပင်ခံရုံးဝန်ကြီး၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး၊ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဦးသောင်းထွန်းတို့ တက်ရောက်ကြခဲ့တယ်လို့လည်းသိရပါတယ်။

သတင်းအရင်းအမြစ်-Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။