လာခြင်းကောင်းသောမိုဒီ

အန္ဒိယဝန်ကြီးချုပ်မိုဒီကတော့မြန်မာပြည်အတွက်

လာခြင်းကောင်းတဲ့လူတစ်ယောက်ပါပဲ။မစ္စတာ

မိုဒီမြန်မာပြည်ကိုအလည်အပါတ်ရောက်ရှိနေတာတော့

ပရိသတ်ကြီးသိပြီးဖြစ်မှာပါ။

အခုလည်းကြည့်ပါ။မနေ့ကနိုင်ငံတော်

အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ

မိုဒီသတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာမိုဒီဟာနှစ်နိုင်ငံ

ရှေးရှေးကထက်ပိုချစ်ကြဖို့စကားတွေပြောရင်း

အန္ဒိယနိုင်ငံကိုလာလည်တဲ့မြန်မာနိုင်ငံသားတွေကို

ဗီဇာကင်းလွတ်ခွင့်ပေးပါမယ်လို့ဂတိပေးခဲ့ပါတယ်။

မြန်မာပြည်သားတွေအတွက်Visa Freeပါတဲ့ဗျာ။

ဘယ်လောက်ကောင်းသလဲ။နောက်တစ်ချက်ကတော့

အန္ဒိယမှာနှစ်အတော်ကြာအကျဉ်းကျခံနေရတဲ့

မြန်မာရေလုပ်သားအယောက်40ကိုလွတ်ပေးမယ့်သတင်းပါ။

ရေလုပ်သားတွေဟာမကြာခင်မြန်မာပြည်က

သူတို့ရဲ့မိသားစုတွေနဲ့တွေ့ခွင့်ရတော့မှာပါလို့မစ္စတာ

မိုဒီကပြောပါတယ်။ဒါ့အပြင်မစ္စတာမိုဒီဟာ

အနာဂါတ်မှာအိန္ဒိယနဲ့မြန်မာနှစ်နိုင်ငံစလုံးအတွက်

အကျိုးရှိမယ့်ကိစ္စရပ်တွေကိုပူးပေါင်းလုပ်ဆောင်

သွားကြမယ်လို့ပြောပြပါတယ်။မစ္စတာမိုဒီကတော့

မြန်မာပြည်အတွက်တကယ်ကိုလာခြင်းကောင်းတဲ့

ပုဂ္ဂိုလ်တစ်ဦးလို့ပဲဆိုလိုက်ပရစေ။

Source-Hindu News


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။