မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်က ကချင်ပြည်နယ် မိုးကောင်းမြို့တွင် ကြက်ဆီထမင်းစားရာမှအစာအဆိပ်သင့်ခဲ့ခြင်းကြောင့် ကလေးလူကြီး (၁၅)ဦးခန့် အဆိပ်သင့်ခဲ့တယ်လို့သိရပါတယ်။

စက်တင်ဘာလ ၆ရက်နေ့ မွန်းတည့် ၁၂ အချိန်တွင် မိုးကောင်းမြို့နယ် မန်ရွက်ကျေးရွာအုပ်စု ၈မိုင်မြို့ဟောင်း ကျေးရွာ RCဘုရားကျောင်းတွင် မယ်တော်မာရီယာမွေးနေ့ပွဲ၌ကျွေးမွေးသော ကြက်ဆီထမင်းစားရာမှ ယခုလို အစာအဆိပ်သငိ့မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ကြက်ဆီထမင်းနှင့် ဘာလချောင်ကြော်၊ ကြက်ရိုးစွန်ထန်ဟင်းရည် စားသောက်ရာမှ အစာအဆိပ်သင့်ပြီး မူးဝေခြင်း၊ အော့အန်ခြင်း၊ ဗိုက်အောင့် ဗိုက်နာခြင်းဝေဒနာ ခံစားကြရသဖြင့် ကလေးလူကြီး ၁၅ ဦး မိုးကောင်း ပြည်သူ့ဆေးရုံသို့ ရောက်ရှိကုသမှု ခံယူခဲ့ရသည်။

"ဒီနေ့ပြု လုပ်တဲ့မွေးနေ့ဆုတောင်းပွဲကို လာရောက်သူ(၇၀)ဦးခန့်တက်ရောက်ခဲ့ကြပါတယ်။ ကြက်ဆီထမင်းနဲ့ ဘာလချောင်ကြော်ကို ထမင်းဗူးနဲ့ထည့်ပြီးဝေပါတယ်။ ကြက်ရိုးစွန်ထန်ဟင်းရည်ကတော့ စားပွဲပေါ်မှာချ ထားပါတယ်။ လာရောက်တဲ့လူတွေ စားသောက်ကြပါ တယ်။ စားသောက်ပြီး တစ်နာရီလောက်ကြာတော့ ဗိုက်အောင့်ပြီး မူးဝေအော့အန်ပါတယ်။ ဒါ အစာအဆိပ်သင့်တာလို့ ထင်ပြီး မိုးကောင်းဆေးရုံကို အုပ်စုလိုက်လာ တက်ကြတာပါ။ တချို့ကတော့ နီးစပ်ရာပြင်ပဆေးခန်းတွေမှာ ပြသပြီး ဆေးကုသမှု ခံယူကြပါတယ်"ဟု မိုးကောင်းဆေးရုံသို့ရောက်ရှိပြီး ဆေးကုသမှု ခံယူသူတစ်ဦးက ပြောသည်။

သတင်းအရင်းအမြစ်-mizama

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။