မြန်မာနိုင်ငံကိုချစ်ကြည်ရေးခရီးရောက်ရှိနေသည့် အိန္ဒိယအမ္မတနိုင်ငံဝန်ကြီးချုပ် H.E.Shri Narendra Modiသည် စက်တင်ဘာ ၇ရက်နံနက်၁၀နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်ရှိ ဗိုလ်ချုပ်ပြတိုက်၌ သွားရောက်လေ့လာကြည့်ရှု့ ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏လူမှု့ကွန်ရက်စာမျက်နှာတွင် ဖော်ပြခဲ့ပါတယ်။
ယင်းသို့သွားရောက်ကြည့်ရှု့ရာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကကြိုဆိုကာ လိုက်ပြခဲ့တယ်လို့သိရပါတယ်။အိန္ဒိယဝန်ကြီးချုပ်သည် ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့သွားရောက်ခဲ့ပြီး လွမ်းသူ့ပန်းခွေချခြင်းများပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ထို့ပြင် ရွှေတိဂုံစေတီတော်သို့လည်း သွားရောက်ဖူးမြော်ကာ မဟာဗောဓိပင်ကိုစိုက်ပျိုးခဲ့ပါသေးတယ်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ်၏ ချစ်ကြည်ရေးခရီးစဉ်ပြီးဆုံးသဖြင့် အိန္ဒိယနိုင်ငံသို့ပြန်လည်ထွက်ခွာရန် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်၊ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဥိးဖြိုးမင်းသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှအမတ်ကြီးနှင့် သံရုံးတာဝန်ရှိသူများက စက်တင်ဘာ ၇ရက်မွန်းလွဲ ၁၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လိုက်ပါပို့ဆောင်နှုတ်ဆက်ခဲ့တယ်လို့သိရပါတယ်။
သတင်းအရင်းအမြစ်-TimeDailynew
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။