မြန်မာပြည်မှာတော့ လတ်တလောတွင် မှုခင်းများယခင်နှစ်ထက်များပြားခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်မှုများနှင့် မှုခင်းများလျှော့ကျစေဖို့ယခုလိုစစ်ဆင်ရေးတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်။၇-၉-၂၀၁၇ ရက်နေ့ ည ၈ နာရီခန့်တွင် ခမရ ၃၃၁မှဗိုလ်မှူးဝဏ္ဏကျော်ဦးစီးအဖွဲ့ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသန်းနု မြို့မရဲစခန်းမှူး ဒုရဲမှူး ကြည်စိုး နှင့်တပ်ဖွဲ့ဝင်များမှ မှုခင်း အကြမ်းဖက်မှုခင်းကြိုတင်ကာကွယ်ဖို့ ပိတ်ဆို့စစ်ဆေးလျက်ရှိတယ်လို့သိရပါတယ်။

အကြမ်းဖက်မှုများနှင့် မှုခင်းများလျှောကျစေဖို့ရည်ရွယ်ကာ မူးယစ် ယာဉ်ထိန်း ပြည်သူ့စစ် တို့နှင့်ပူးပေါင်းလျှက်တာချီလိတ်မြို့နယ်အတွင်း မှုခင်းကြိုတင်ကာကွယ်ရေး နိုင်ငံခြားသားများတရားမဝင် ဝင်ရောက်မှုမရှိစေရေး အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုမရှိစေရေးအတွက်အဓိကထားစစ်ဆေးနေတယ်လို့သိရပါတယ်။

ယခုစစ်ဆေးရေးကိုတော့ တာချီလိတ်မြို့ဟောင်လိတ် အထက ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်တွင် မော်တော်ယာဉ်/မော်တော်ဆိုင်ကယ်များအား ပိတ်ဆို့ရှာဖွေစစ်ဆေးကြကြောင်းသိရှိရပါသည်။ 

သတင်းအရင်းအမြစ်-မန္တလေးသတင်းများ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။