ယခုအခါ မြန်မာနိုင်ငံရှိ ဘင်္ဂလီအရေးနှင့်ပတ်သတ်၍ နိုင်ငံတကာရှိ မူဆလင်ဘာသာဝင်များက ဆန္ဒများပြလျက်ရှိသည်။ယခုအခါ ရုရှားနိုင်ငံ မော်စကိုမြို့ရှိ မြန်မာသံရုံး အပြင်ဘက်တွင် စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်မည့် ဆန္ဒပြပွဲကို မော်စကိုမြို့ တာဝန်ရှိသူများက ခွင့်မပြုခဲ့ကြောင်း သိရှိရသည်။ မြန်မာသံရုံး အပြင်ဘက်တွင် ဆန္ဒပြရန်အတွက် ခွင့်ပြုမိန့် လျှောက်ထားမှုကို မော်စကိုမြို့ တာဝန်ရှိသူများက ပယ်ချခဲ့ခြင်းဖြစ်သည်။ ဆန္ဒပြပွဲ စီစဉ်သူများက ရုပ်သံထုတ်လွှင့်မှုဌာန Dozhd ကို ပြောကြားခဲ့သည်။ 

ဆန္ဒပြပွဲ စီစဉ်သူများက ဆန္ဒပြပွဲ၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားရန် ပျက်ကွက်ခဲ့သည်ဟုဆိုကာ ဆန္ဒပြရန်အတွက် ခွင့်ပြုမိန့် လျှောက်ထားမှုကို မြို့တော်ဝန်ရုံးက ပယ်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဆန္ဒပြပွဲကို စီစဉ်သူမှာ အာဆလန်ခါဆာဗော့ ဆိုသူ ဂျာနယ်လစ် တစ်ဦးဖြစ်ကြောင်း သိရသည်။ ချေချင်းခေါင်းဆောင် Ramzan Kadyrow ၏ မြန်မာနိုင်ငံရှိ ဘင်္ဂါလီများအရေးနှင့် ပတ်သက်ပြီး ဝေဖန်မှု ထွက်ပေါ်လာပြီး နောက်ပိုင်း မော်စကိုမြို့ရှိ မြန်မာသံရုံးအနီးတွင် မွတ်စလင် ဆန္ဒပြသူ ရာပေါင်းများစွာသည် ခွင့်ပြုမိန့်မရှိဘဲ စက်တင်ဘာ ၃ ရက် နှင့် ၄ ရက်တို့တွင် စုဝေးခဲ့ကြသည်။ ပထမဆုံး စုဝေးမှုတွင် ဆူပူအကြမ်းဖက်မှုမရှိဘဲ လူစုခွဲခဲ့ကြသော်လည်း စက်တင်ဘာ ၄ ရက်တွင်မူ မော်စကိုရဲများက ဆန္ဒပြသူ ၂၀ ခန့်ကို ထိန်းသိမ်းခဲ့သည်။

ရုရှားတောင်ပိုင်းရှိ မွတ်စလင်အများစု နေထိုင်သော ချေချင်းညာဒေသ ဂရော်ဇနီမြို့လယ်တွင် ချေချင်းခေါင်းဆောင် Ramzan Kadyrow ၏ တရားဝင် ခွင့်ပြုချက်ဖြင့် စက်တင်ဘာ ၄ ရက်က ပြုလုပ်သော လူထုစည်းဝေးပွဲတွင် လူတစ်သန်းခန့် တက်ရောက်ခဲ့ကြောင်း တာဝန်ရှိသူများက ဆိုသည်။ Ramzan Kadyrow သည် ရုရှားသမ္မတ ဗလာဒီမာပူတင်အား အခိုင်အမာ သစ္စာခံသူတစ်ဦး ဖြစ်သော်လည်း ကမ္ဘာတစ်ဝန်းရှိ မွတ်စလင်များအား သြဇာလွှမ်းမိုးနိုင်သူ တစ်ဦးအဖြစ် ပုံဖော်နိုင်ရန်လည်း ကြိုးပမ်းနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။ စက်တင်ဘာ ၅ ရက်တွင် မော်စကို တက်ကြွလှုပ်ရှားသူများက မြန်မာသံရုံးအနီးတွင် လူ ၂၀၀ ခန့် စုဝေးချီတက်ခွင့်ကို အတည်ပြုပေးရန် မြို့တာဝန်ရှိသူများအား တောင်းဆိုခဲ့သည်။

Source-Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။