တို့မြန်မာတွေအတွက် ဂုဏ်ယူစရာသတင်းလေးတစ်ခုပါပဲ။တို့မြန်မာစိတ်ဓာတ်ကိုတော့ ဒီအဖြစ်အပျက်လေးကြောင့်နိုင်ငံခြားသားတွေ လေးစားကြတာပါ။ပစ္စည်းပြန်ပေးခဲ့တယ့်Taxiသမားဟာတော့ မြို့ထဲမှာခရီးသည်ရှာနေချိန် မြို့ထဲ ၁၃လမ်းထိပ်ကနေ လေဆိပ်ကိုသွားရန်အတွက် နိုင်ငံခြားသားနှစ်ဦးကငှားရမ်းခဲ့တာဖြစ်ပါတယ်။

သူတို့ကိုပို့ပြီးတော့ နောက်ခရီးသည်တစ်ဦး ရတော့အင်းစိန်ပေါက်တောဝနားက မုဒိတာအိမ်ရာကို လိုက်ပို့ တာ စီးလာတဲ့အမျိုးသမီးက ရှေ့ကဘယ်သူစီးသွားလဲတဲ့ … ဘာဖြစ်လို့လဲအစ်မလို့မေးတော့

ဒီအနောက်မှာ အိတ်တစ်အိတ်ကျန်ခဲ့တယ်တဲ့ကျွန်တော်လည်းသိလိုက်တယ်.နိုင်ငံခြားသားကျန်ခဲ့တယ်ဆိုတာ. အဲဒီအိတ်ကို ခရီးသည်အစ်မရှေ့မှာဘဲ စစ် ကြည့်လိုက်တယ်. Canon အမျို းအစားCamera တစ်လုံးနဲ့ နိုင်ငံခြားငွေထုတ်ကဒ်နှစ်ကဒ်ကိုတွေ့လိုက်ရပါတယ်။

ဒါကြောင့် Taxiသမားဟာ ခရီးသည်အမျိုးသမီးကိုပို့ ပြီးပြီးချင်းအမြန်ဆုံးလမ်းကနေ မောင်းပြီး လေဆိပ်ကိုမောင်းလာခဲ့ပါတယ်။ ထင်တဲ့အတိုင်းဘဲနိုင်ငံခြားသား/သူနှစ်ယောက် ပစ္စည်းကျန်ခဲ့လို့ ဒေါင်း တောက်နေတဲ့ပုံစံတွေနဲ့ …ကျွန်တော်လည်းတွေ့ပြီး ပစ္စည်းပြန်ပေးလိုက်တာဝမ်းသာအားရဖြစ်နေတဲ့ ပုံကိုကြည့်ပြီး ပီတိဖြစ်မိရပါတယ်ဗျာ ။ ငှါးစီးတဲ့အစ်မကိုလည်း ကျေးဇူးအများ ကြီးတင်ပါတယ်.သူလည်းရိုးသားလို့ပေါ့.သူလည်းမပြော ဘဲ ယူသွားရင် ကျွန်တော်လည်းဒုက္ခပါဘဲ … နှစ်ယောက်စလုံးကိုလေးစားပါတယ်။မြန်မာစိတ်ဓာတ်ဂုဏ်တက်ခဲ့ရပါတယ် လေးစားပါတယ်ဗျ

သတင်းအရင်းအမြစ်-Zaw Shein

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။