ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည်လက်ခံရန် ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ် ရှိတ်ဟာဆီနာက စက်တင်ဘာ ၈ရက်နေ့တွင်မြန်မာနိုင်ငံကိုပြောကြားခဲ့တယ်လို့သိရပါတယ်။မြန်မာနိုင်ငံရှိ သြဂုတ်လ၂၅ရက်နေ့ကစတင်ဖြစ်ပွားခဲ့တယ့် ရခိုင်ပြည်နယ် အကြမ်းဖက်မှုပြသာနာများနှင့် ပတ်သက်ပြီးပြောကြားခဲ့တာဖြစ်ပါတယ်။သြဂုတ်လ၂၅ရက်နေ့မှစတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများကြောင့် မောင်တောဒေသတွင် နေထိုင်သူများသည်နေရပ်စွန်ခွပြီး နယ်စပ် ဧရိယာအပါအဝင် လုံခြုံရေးနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း၊အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူတိုင်းရင်းသား ၂၆၇၄၇ဦးရှိနေကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားခဲ့တယ့်ပြသာနာများကြောင့် ဘင်္ဂါလီများလည်း အိမ်နီးချင်းနိုင်ငံ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်မှုများရှိတယ်လို့သိရပါတယ်။အိမ်နီးချင်းဘင်္ဂလားဒေ့ရှ့်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားသည့် ဘင်္ဂါလီဦးရေသည် ၁၆၄၀၀၀နီးပါးရှိနေပြီဖြစ်ကြောင်းလည်း ကုလသမဂ္ဂကစက်တင်ဘာ ၇ ရက်နေ့ကပြောကြားခဲ့ပါတယ်။

ARSA အစွန်းရောက်အကြမ်းဖက်များက သြဂုတ်လ ၂၅ ရက်မှစက်တင်ဘာ၄ရက်အတွင်း ရခိုင်ပြည်နယ် မြောက်ခြမ်းရှိ နယ်ခြားစောင့်ရဲစခန်းများအားဝင်ရောက်တိုက်ခိုက်ခဲ့သည့်အတွက် မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့၊ကွမ်းသီးပင်၊သဲချောင်း၊မီးတိုက်ကျေးရွာအုပ်စုများနှင့် တောင်ပြိုလက်ဝဲမြို့ပေါ်ရပ်ကွက် ၅ ရပ်ကွက်တို့ရှိ ဒေသနေထိုင်သူများမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင်၃၁မှ၃၂အကြားအနီးတွင် လူဦးရေ ၁၂၀၀ခန့်၊နယ်စပ်မှတ်တိုင်၃၂မှ၃၃အကြားအနီးတွင် လူဦးရေ ၁၁၀၀၀ခန့်၊နယ်စပ်မှတ်တိုင်၃၄မှ၃၅အကြားအနီးတွင် လူဦးရေ၁၈၀၀၀ခန့် ယာယီတဲများဖြင့်တရားမဝင်ရောက်ရှိ နေထိုင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ရေးကော်မတီကစက်တင်ဘာလ ၇ရက်ကထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

သတင်းအရင်းအမြစ်-ပေါ်ပြူလာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။