ရဲတပ်သားမှ စခန်းမှူးအားမကျေနပ်သောကြောင့် သေနတ်ဖြင့်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ တိုက်ကြီးမြို့နယ် ဥက္ကံမြို့ ဦးအောင်ဇေယျရပ်ကွက်ရှိ ဥက္ကံရဲစခန်းတွင် တပ်သားတစ်ဦးအား ရဲစခန်းမှူးက ကင်းစောင့်ရန်သတိပေးစစ်ဆေးသည်။ ထိုကဲ့သိူ့စေခိုင်းသည့် ရဲစခန်းမှူးအား မကျေနပ်၍အဆိုပါရဲဲတပ် သားက သေနတ်ဖြင့်ပစ်ခတ်မှုဖြစ်ခဲ့သည်။ အဆိုပါဖြစ်စဉ်ကတော့ စက်တင်ဘာ ၉ ရက် နံနက် ၁ နာရီ မိနစ်၅ဝ က ဖြစ်ပွားခဲ့ကြောင်း ဥက္ကံနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာဥက္ကံနယ်မြေရဲစခန်းတွင်တာဝန်မှူးအဖြစ်ဒုရဲအုပ်ဝေဖြိုးလင်းဆောင်ရွက်နေစဉ်နံနက် ၁ နာရီ၌ ကင်းသမားများအား ကင်းစောင့်ရာ၌ အိပ်မငိုက်စေရန်နှင့် သတိဝီရိယရှိရှိဖြင့် ဆောင်ရွက်ရန် စခန်းမှူး ရဲအုပ် သန်းနိုင်က ပြောဆိုပြီး နေအိမ်လိုင်းခန်းသို့ ပြန်စဉ်အနောက်မှ ကင်းသ မား တပ်သားအောင်ဖြိုး(၂၂) နှစ်က M-16 အမျိုးအစားသေနတ်ဖြင့် သုံးချက်ပစ်ခတ်ခဲ့သည်။ သိူ့သော် စခန်းမှူးအား ထိမှန်ခြင်းမရှိခဲ့သော်လည်း သေနတ် အား ဝင်ရောက်ဆွဲယူခဲ့ကြသည့် တပ်ကြပ် နေမျိုးအောင်နှင့် တပ်ကြပ်စိုးထိုက်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ကြသည်။

သေနတ်ထိမှန်မှုကြောင့် တပ်ကြပ် နေမျိုးအောင်တွင် ယာဘက် ဝမ်းဗိုက် ရှပ်ထိဒဏ်ရာ၊ယာခြေခုံရှပ်ထိဒဏ်ရာနှင့် တပ်ကြပ်စိုးထိုက်ဦး၌ ယာရင် အုံ ရှပ်ထိဒဏ်ရာတို့ ရရှိခဲ့ကြပြီးဥက္ကံမြို့တိုက်နယ်ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေကြရသည်။ဖြစ်စဉ်တွင် ကင်းစောင့်နေသော ရဲတပ်သားကို စခန်းမှူးက ဆဲဆိုခဲ့သဖြင့် သေနတြ်ဖင့်ပစ်ခတ်ခဲ့ခြင်းဖြစ်ေ ကြာင်းနှင့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သော ရဲတပ်သားကို အမှုဖွင့်ကာအရေးယူထားသည်။

Source - Myanmar Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။