မြန်မာနိုင်ငံတွင်ဖြစ်ပွား နေသော ပဋိပက္ခကြောင့် ဘင်္ဂလား ဒေ့ရှ်နိုင်ငံသို့ တိမ်းရှောင်နေသည့် သောင်းနှင့်ချီသော ဒုက္ခသည်များ အတွက် ကန်ဒေါ်လာ ခုနစ်သန်း အရေးပေါ် ကူညီထောက်ပံ့မည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူသား ချင်း စာနာမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး (UNOCHA) က သတင်းထုတ်ပြန်သည်။

UNOCHA အကြီးအကဲ Mr. Mark Lowcock က စက်တင်ဘာ ၇ ရက်တွင် ယင်းသို့ထောက်ပံ့ကူ ညီမည်ဟု ပြောကြားပြီး အရေး ပေါ်ကူညီထောက်ပံ့မှုကို ဗဟိုအ ရေးပေါ် စီမံခန့်ခွဲရေး ရန်ပုံငွေ (Central Emergency Response Fund-CERF) မှ ရယူ မည်ဖြစ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။

အရေးပေါ်ကူညီထောက်ပံ့ မှုအနေဖြင့် စားနပ်ရိက္ခာနှင့် အမိုး အကာ၊ ကျန်းမာရေးကူညီ ထောက်ပံ့မှုများ ပါဝင်မည်ဖြစ် ကြောင်း UNOCHA ၏ အကြီးအကဲအဖြစ် စက်တင်ဘာ ၁ ရက်က စတင်တာဝန်ယူခဲ့သည့် Mr. Mark Lowcock က ပြော သည်။အရေးပေါ်အခြေအနေတုံ့ ပြန်ဆောင်ရွက်ရန် ၂၀၁၇ နှစ် လယ်အထိ UNOCHA က မြန်မာနိုင်ငံသို့ ကန်ဒေါ်လာ၃ ဒသမ ၁ သန်း ထောက်ပံ့ထားကြောင်းနှင့် ကျန်ရှိသည့် ၂၀၁၇ လေးလအ တွင်း ရခိုင်၊ကချင်နှင့် ရှမ်းပြည် နယ်အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အ ရေးပေါ်ကာကွယ်ရေး ရန်ပုံငွေကန်ဒေါ်လာ ခြောက်သန်းသတ်မှတ်ထားကြောင်း ပြီးခဲ့သည့် သြဂုတ်က ထုတ်ပြန်ထားသည်။

အကြမ်းဖက်သမားများ၏ တိုက်ခိုက်ဖျက်ဆီးမှုကြောင့် သြဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၅ ရက်ထိ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် အကြမ်းဖက်အဖွဲ့များအကြား ထိတွေ့ တိုက်ခိုက်မှု ၉၇ ကြိမ်ဖြစ် ပွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၁၃ ဦးနှင့် ဝန်ထမ်းနှစ်ဦးစုစုပေါင်း ၁၅ ဦး သေဆုံးပြီး လုံခြုံရေးတပ်ဖွဲ့ ဝင် ၁၅ ဦး၊ ဝန်ထမ်းသုံးဦးနှင့် ဒေ သခံတိုင်းရင်းသားလေးဦး စုစု ပေါင်း ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိ ကြောင်း အစိုးရက သတင်းထုတ် ပြန်သည်။

သတင်းအရင်းအမြစ်-7day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။