မြန်မာပြည်တစ်ဝှမ်းရှိ အရက်ချက်စက်ရုံအားလုံးကို လက်ရှိအချိန်မှာ ယာယီပိတ်ပင်ထားကြောင်းသိရှိရသည်။ ရေဆိုး စွန့်ပစ်ခြင်းနှင့် ရေဆိုးသန့်စင်စနစ်တည်ဆောက် ၍ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ သတ်မှတ် ချက်များနှင့်အညီဆောင်ရွက်ပြီးစီးမှသာ စက်ရုံ များပြန်လည် လည်ပတ်ခွင့်ပြုရန် သက်ဆိုင်ရာ က ညွှန်ကြားထားကြောင်း မြန်မာ့အစိမ်းရောင် ပုံရိပ်များအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောဆို သည်။ ပတ်ဝန်းကျင် သန့်ရှင်းစင်ကြယ် စေရန်အတွက် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ 

မြန်မာ့အစိမ်းရောင် ပုံရိပ်များအဖွဲ့၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စက်ရုံ-အလုပ်ရုံများမှ ရေဆိုးသန့်စင်စွန့်ပစ်စနစ် ဆောင်ရွက်မှုလုပ်ငန်းများ ရှင်းလင်းပွဲကို စက်တင်ဘာ ၁ဝ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ လှိုင်မြို့နယ်ရှိ ဖူလီစားသောက် ဆိုင်၌ ပြုလုပ်ခဲ့ရာတွင် ယင်းသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခွင့်ပြုချက် ရရှိထားသော အရက်ချက်စက်ရုံ ရ၂ ရုံရှိ သည့်အနက် လက်ရှိစက်ရုံ ၂၅ ရုံသာလည်ပတ် လျက်ရှိပြီး ယင်းစက်ရုံများသည် ရေဆိုးစွန့်ပစ် ခြင်းနှင့် ရေဆိုးသန့်စင်စနစ် စသည့်သတ်မှတ် ချက်များနှင့်မညီသည့်အတွက် သက်ဆိုင်ရာ ဌာနက ယာယီပိတ်ခိုင်းထားကြောင်း သိရသည်။ 

အသေးဆုံးအရက်ချက်စက်ရုံ၏ တစ်ရက် အရက်ဆီထုတ်လုပ်မှုမှာ ဂါလန် ၄,ဝဝဝကျော်နှင့် အကြီးဆုံးအရက်ချက်ရုံမှာ အရက်ဆီထုတ် လုပ်မှုဂါလန် ၃ဝ,ဝဝဝ ခန့်ရှိရာ စွန့်ပစ်ရေဆိုး ထုတ်လွှတ်မှုတစ်ရက်လျှင် ဂါလန်သိန်း ၄ဝ ကျော်ရှိသည့်အတွက် အနီးပတ်ဝန်းကျင်ရှိ ရေသတ္တဝါများမှာ မျိုးသုဉ်းနိုင်သည်အထိ ဖြစ်နိုင်ပြီး အနီးပတ်ဝန်းကျင်၌ နေထိုင်သော ပြည်သူများအနေဖြင့် ကျန်းမာရေးထိခိုက်မှု များရှိကြောင်း ထောက်ပြပြောဆိုသည်။ စက်ရုံများ၏ အညစ်အကြေးထုတ်မှု လျော့နည်းကျဆင်းလာစေရန်နှင့် ဘာဝပတ်ဝန်းကျင် အခြေအနေများ တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်၍ အဆိုပါစက်ရုံများအားလေ့လာ ဆန်းစစ်ပြီး အစိုးရအား အကြံပြုတင်ပြခြင်း များကို မြန်မာ့အစိမ်းရောင် ပုံရိပ်များအဖွဲ့က ပြုလုပ်နေခြင်းပင်ဖြစ်သည်။

Source – Myanmar Times 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။