အသက်မပြည့်သေးသည့် မိန်းကလေးကို ခိုးယူပေါင်းသင်းခဲ့သည့် အမျိုးသားကို ထောင်၁၃နှစ်ချလိုက်ကြောင်းသိရှိရသည်။ ယခုဖြစ်စဉ်ကတော့ တောင်ဒဂုံမြိုပနယ်တွင် ဖြစ်ပွားခဲ့တာပါ။ အဆိုပါအမျိုးသားအား ပြစ်မှုထင်ရှားသောကြောင့် တရားသူကြီးက ထောင်ဒဏ် ၁၃နှစ်ချခဲ့တာပါ။ အရှေ့ပိုင်းခရိုင် တရားရုံးမှ တရားခံအမျိုးသားကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ အရ ထောင်ဒဏ် ၁၀ နှစ်နှင့်ပုဒ်မ ၃၆၃ အရ ထောင်ဒဏ် သုံးနှစ်ကို သီးခြားစီကျခံစေရန် စက်တင်ဘာ ၈ ရက်ကချမှတ်ခဲ့ပါတယ်။

အဆိုပါအမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် မေ ၁၇ ရက်တွင် အမှုမှတရားလိုဖြစ်သူ ဒဂုံတောင်မြို့နယ်နေ ဒေါ်…. သည် ၎င်း၏ သမီး မ….. ၁၅ နှစ် သုံးလမှာ ပျောက်ဆုံးနေသဖြင့် စုံစမ်းရှာဖွေရာ ဒဂုံတောင်မြို့နယ် (၇၀) ရပ်ကွက်ရှိ လက်ဖက်ရည်ဆိုင် တစ်ဆိုင်တွင် ပြန်တွေ့ခဲ့ကြောင်း သိရသည်။ မ….. သည် ၎င်း၏ မိခင် ဒေါ်….. အိပ်ပျော်နေစဉ် ချစ်ကြိုက်ခဲ့သူ ဟိန်းပြည့်ဖြိုး ဆိုသူနှင့် တွေ့ဆုံခဲ့သည်။ 

ထိုမှတစ်ဆင့် ဟိန်းပြည့်ဖြိုးနှင့်အတူ ၀ါးခယ်မမြို့နယ်၊ သီလကျောင်း ကျေးရွာရှိ ဟိန်းပြည့်ဖြိုး၏ သူငယ်ချင်းနေအိမ်တွင် နှစ်ရက် တည်းခိုနေထိုင်ခဲ့ကြောင်း၊ တည်းခိုနေစဉ် တစ်ရက်တည်းခို၍ လင်မယားအဖြစ် ပေါင်းသင်းဆက်ဆံခဲ့ကြောင်း သိရသဖြင့် တရားလို၏ အုပ်ထိန်းမှုအောက်မှ မလွတ်ကင်းသေးသည့် အသက်မပြည့်သေးသူ မိန်းကလေးအား ခိုးယူပေါင်း သင်းခဲ့သော ဟိန်းပြည့်ဖြိုးအား ဥပဒေအရ အရေးယူပေးပါရန် တိုင်တန်းခဲ့ကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

Source – Eleven

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။