အသက် ၈၅နှစ်နဲ့ အထက် ဘိုးဘွားတွေကိုပါ လာမယ့် ဘဏ္ဍာနှစ်က စလို့ အစိုးရက ထောက်ပံ့ကြေးပေးအပ်ဖို့ စီစဉ်နေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားပေးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးကပြောပါတယ်။ 

“အခုက အသက် ၉၀ အထက်တွေကို စပေးနေတာ ၊ လာမယ့် ဘဏ္ဍာ နှစ်မှာတော့ အသက် ၈၅နှစ် နဲ့အထက်တွေကို ပါပေးနိုင်ဖို့ စီစဉ်နေ ပါတယ်”လို့ ဝန်ကြီး ကပြောပြပါတယ်။ထောက်ပံ့ကြေး ပမာဏကိုတော့ ဝန်ကြီးက ထုတ်မပြောခဲ့ပါဘူး။လက်ရှိမှာတော့ အသက် ၈၅နှစ်နဲ့ အထက် ဘိုးဘွားတွေရဲ့ စာရင်းကို ဝန်ကြီးဌာနက ကောက်ခံသွားဖို့ စီစဉ်နေကြောင်း ဝန်ကြီးက ဆက်ပြောပါတယ်။ 

“ဘတ်ဂျက်ရရှိ မှုပေါ် မူတည်ပြီး တဖြေးဖြေးနဲ့ အသက်တွေ လျှော့ပြီး ထောက်ပံ့ပေးသွားမှာပါ”လို့ ဒေါက်တာဝင်းမြတ်အေးက ထပ်ပြောပါတယ်။အသက် ၉၀ကျော် ဘိုးဘွားများကို ယခုဘဏ္ဍနှစ်မှ စတင်ကာ တစ်ဦးလျှင် တစ်လ ၁၀၀၀၀ကျပ် နှုန်း ဝန်ကြီးဌာနက ထောက်ပံ့လျှက်ရှိကြောင်း သိရပါတယ်။

သတင်းအရင်းအမြစ်-ပေါ်ပြူလာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။