မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးက ယခုအခါ အလွန်ကိုအားနည်းလာပါပြီ။ နေရာတကာမှာ မုဒိန်းမှု၊ လူသတ်မှု၊ လုယက်မှုတွေ ပိုမိုများပြားလာပါတယ်။ ယခုအခါမှာလည်း ချိန်းတွေ့နေ့သည့် သမီးရည်းစားစုံတွဲကို လူနှစ်ဦးက ဓါးဖြင့်ထိုးသဖြင့် အမျိုးသားသေဆုံးပြီး အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပါတယ်။ ယခုအမှုကတော့ ဒဂုံဆ်ိပ်ကမ်းမြို့နယ်မှာ ဖြစ်ပွားခဲ့တာပါ။

ဖြစ်စဉ်က ဒဂုံဆိပ်ကမ်းမြို့နယ်တွင် ချိန်းတွေ့နေ့သည့် သမီးရည်းစားစုံတွဲကို လူနှစ်ဦးက ဓါးဖြင့်ထိုးသဖြင့် အမျိုးသားသေဆုံးပြီး၊ အမျိုးသမီး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဆိုမှုကို သက်ဆိုင်ရာက စက်တင်ဘာ ၁၀ ရက်နေ့တွင် အမှုဖွင့် အရေးယူထားသည်။ အဆိုပါနေ့ ည ရ နာရီခွဲအချိန်ခန့်တွင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၉၂ ရပ်ကွက်၊ သပြေခြံကျောကပ် ကွန်က ရစ်လမ်းပေါ်တွင် လူတစ်ဦးဓါးထိုးခံ ရကြောင်းသတင်းအရ ဒုရဲအုပ်သန်းဦး နှင့်အဖွဲ့က သွားရောက် စစ် ဆေးခဲ့သည်။သေဆုံးသူမှာ ဒဂုံဆိပ်ကမ်း ၉၄ ရပ်ကွက်နေ အသက်(၂၀ နှစ်)အရွယ်အမျိုးသားတစ်ဦး ဖြစ်ပြီး ၀ဲရင်အုံထိုးသွင်းဒဏ်ရာရရှိထားကြောင်းသိရသည်

စုံစမ်းချက်အရ ရည်စားဖြစ်သူနှင့်အတူ ချိန်းတွေ့နေစဉ် လူငယ် နှစ်ဦးရောက်လာပြီး လည်ပင်းကို ဓါးနှင့် ထောက်သဖြင့် ဘာလုပ်တာလဲဟု ပြန်ပြောပြီး ဟန့်တားလုံးထွေးချိန်တွင် ဓါးနှင့်ထောက်သူက ဓါးနှင့် ထိုးကာခဲ့သောကြောင့် သေဆုံးခဲ့ကြောင်း၊ ထို့အပြင် ရည်းစားဖြစ်သူ အမျိုးသမီးကိုလည်း ဓါးဖြင့်ထိုးခဲ့သဖြင့် ကျောနှင့်ခါးအနီး ထိခိုက် ဒဏ်ရာ များရရှိခဲ့သော ကြောင့် ပတ်ဝန်းကျင်ကို အကူညီတောင်းခံစဉ် အဆိုပါလူနှစ်ဦး(စုံစမ်းဆဲ)မှာထွက်ပြေးသွားခဲ့သောကြောင့်အရေးယူပေးရန်တိုင်ကြားခဲ့သည်။ ဒဂုံဆိပ်ကမ်းြမြို့မရဲစခန်းက(ပ)၁၀၂၇/ ၁၇ ရာဇသတ် ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။

Source – Myanmar Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။