ဒီအဖြစ်အပျက်လေးကတော့ သီပေါမြို့မှာဖြစ်သွားခဲ့တာပါ။သီပေါအထက၂ မှ အလယ်ပြကျောင်းဆရာမအား ၎င်းမြို့နယ် တွဲဖက် တရားသူကြီး အမျိုးသမီးက ပါးရိုက်ထားမှု နှင့်ပတ်သက် ၍ တရားရုံးထံ ဦးတိုက် လျှောက် တိုင်ကြားထားကြောင်း စက်တင်ဘာ ၁၃ ရက်နေ့တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ထံမှ မေးမြန်းစုံစမ်းမှုအရ သိရသည်။”ကိုယ်ရေးကိုယ်တာ ကိစ္စလို့သိရတယ်။လမ်းမကြီးမှာဖြစ်သွားတော့ တစ်ဖက်ကလည်း တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တိုင်ထားတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် က ဆိုသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၇ ရက်နေ့ ညနေငါးနာရီခွဲတွင် အလယ်တန်းပြဆရာမမှ မိခင်နှင့် ကလေး စောင့်ရှောက်ရေး ရုံးရှေ့ ရှိ ၎င်းတူမ နေအိမ်သို့ သွားရောက် လည်ပတ်ခဲ့ကြောင်း ၎င်း အိမ်မှ ပြန်အထွက်တွင် ကားမှ အတင်းကပ်၍ ရှောင်ခဲ့ကြောင်း ဆရာမ မောင်းနှင်လာသော ဆိုင်ကယ်အား တွဲဖက် တရားသူကြီး ကားမှ အနားကပ်သဖြင့် ဘေးချရပ်ရာတွင် တရားသူကြီးက ပါးဆင်းရိုက်ခဲ့သည်ဟု ဆရာမ၏ တိုင်ကြားစာတွင် ဖော်ပြထားကြောင်း သိရသည်။

” ဒါက ဆေးစာနဲ့တရားရုံး ဦးတိုက်လျှောက်တဲ့အမှုပါ”ဟု သီပေါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယင်းကဲ့သို့ ပါးရိုက်စဉ် အနီးအနားမှ လူကြီးများက တားမြစ်ခဲ့သဖြင့် တရားသူကြီးက ကားပေါ်ပြန်တက်ကာ မောင်းနှင်သွားခဲ့ကြောင်း သိရသည်။ 

သတင်းအရင်းအမြစ်-Myanmar Media Zone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။