သဂုတ်လ၂၅ရက်နေ့မှစတင်ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုများကြောင့် မောင်တောဒေသတွင် နေထိုင်သူများသည်နေရပ်စွန်ခွပြီး နယ်စပ် ဧရိယာအပါအဝင် လုံခြုံရေးနေရာများတွင် ခိုလှုံနေထိုင်လျက်ရှိကြောင်း၊အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်စွန့်ခွာရသူတိုင်းရင်းသား ၂၆၇၄၇ဦးရှိနေကြောင်း သတင်းထုတ်ပြန်ချက်အရသိရသည်။ယင်းကိစ္စရပ်များနှင့်ပက်သက်ပြီး ဘင်္ဂါလီများအပေါ် မြန်မာနိုင်ငံ၏ ကျူးလွန်မှုများမှာ ရှင်းပြ၍ပင်မရသည့် အနေအထားဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာက ဝေဖန်ခဲ့သည်။. 

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ က“ ကျွန်မ မြန်မာနိုင်ငံကို ပြစ်တင်ဝေဖန်ဖို့ စကားလုံးတောင် ရှာမရပါဘူး” ဟု တနင်္လာနေ့တွင် လွှတ်တော်အမတ်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ဘင်္ဂါလီပြဿနာနှင့် ပတ်သတ်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာမှ ဝေဖန်မှုများ ထွက်ပေါ်လျက်ရှိသည်။ ပဋိပက္ခများကြောင့် သောကဖြစ်ရကြောင်း အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံက အကူအညီပေးမှုအစီအစဉ်အချို့ကို ဆိုင်းငံထားတယ်လို့လည်းသိရပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ အကြီးအကဲ ရာအိဒ် အယ်လ် ဟူစိန်က မြန်မာနိုင်ငံတွင် ဘင်္ဂါလီများ ကြုံတွေ့နေရသည့် မတရားမှုများမှာ “ လူမျိုးရေး သုတ်သင်မှုအတွက် ပြဌာန်းစာအုပ် သင်ခန်းစာ” ဟုပြောကြားခဲ့သည်။ယင်းက “ ဘင်္ဂါလီတွေ ကိုယ့်အိမ်ကိုယ် မီးရှို့တယ်လို့ ပြောနေတာကို မြန်မာအစိုးရက ရပ်သင့်ပါတယ်။ ဒါက အမှန်တရားကို လုံးဝ ငြင်းပယ်တာပါ” ဟု တနင်္လာနေ့က ဂျနီဗာတွင် ပြောကြားခဲ့သည်။ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ယင်းတို့နိုင်ငံသို့ ရောက်ရှိနေသည်ဟုဆိုသည့် ဘင်္ဂါလီများကို ပြန်လည်လက်ခံရန် မြန်မာနိုင်ငံကို တောင်းဆိုခဲ့သည်။ထိုဘင်္ဂါလီများ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိပါက ယင်းတို့၏ လုံခြုံရေးနှင့် နိုင်ငံသားဖြစ်ခွင့်ကို အာမခံရေး မြန်မာနိုင်ငံကို ဖိအားပေးရန် ကုလနှင့် နိုင်ငံတကာကို ဘင်္ဂလားဒေ့ရှ်လွှတ်တော်က တောင်းဆိုခဲ့သည်။

သတင်းအရင်းအမြစ်-ကြေးမှုံ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။