ရခိုင်မြောက်ပိုင်းဒေသကယ်ဆယ်ရေးအတွက် ဟာသမျက်လှည့်ပညာရှင် Mr.Top နှင့် သား Harry က ရန်ပုံငွေဖျော်ဖြေပွဲကျင်းပမယ်လို့သိရပါတယ်။စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက Orchid Hotel တွင် ရခိုင်မြောက်ပိုင်းဒေသ ကယ်ဆယ်ရေးနှင့် ကူညီထောက်ပံ့ရေး ရန်ပုံငွေဖျော်ဖြေပွဲအဖြစ် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံတွင် ဟာသမျက်လှည့်ပညာရှင် Mr.Top နှင့်သား Harry တို့က ဖျော်ဖြေပွဲ ကျင်းပမည့် အကြောင်း စာနယ်ဇင်းမိတ်ဆက်ပွဲပြုလုပ်ခဲ့တယ်လို့

သိရပါတယ်။

အဆိုပါဖျော်ဖြေပွဲကို ရခိုင်အမျိုးသားအသင်းချုပ်မှ ဦးစီးကျင်းပခြင်းဖြစ်ပြီး စက်တင်ဘာ ၂၇ ရက် ည ၇ နာရီမှ ၁၀ နာရီအထိ ဝင်ကြေး အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပြီး အလှူငွေများကောက်ခံ၍ ရခိုင်မြောက်ပိုင်းဒေသသို့ လှူဒါန်းသွားမည်လို့သိရပါတယ်။အလှူငွေများကို ရခိုင်အမျိုးသားလုပ်ငန်းရှင် ဦးကျောက်တောင် ဖုန်း-၁၉ ၄၅၀၉၉၉၀၈၁ ရခိုင်အမျိုးသားအဖွဲ့ချုပ်ဥက္ကဋ္ဌဦးစိုးဝင်း ၀၉-၅၀၄၆၁၆၇ ရခိုင်အမျိုးသားအဖွဲ့ချုပ် ၀၁-၇၀၆၂၁၈ သို့ ဆက်သွယ်လှူဒါန်းနိုင်တယ်လို့လဲဖော်ပြထားပါတယ်။ 

မိတ်ဆက်ပွဲအခမ်းအနားတွင် ရခိုင်ပြည်နယ်တောင်ကုတ်သား Mr.Top မှ “ကျွန်တော်တတ်ထားတဲ့ မျက်လှည့်ပညာနဲ့ တတတ်တအားအုတ်တချပ်သဲတပွင့်အဖြစ် ပါဝင်ခွင့်ရသည့်အတွက် များစွာဝမ်းသာကြောင်း နိုင်ငံတကာမှ ငွေကြေးများစွာပေးကြည့်ရသည့်ပြကွက်များ လူခန္ဓာကိုယ်နှစ်ပိုင်းဖြတ်ပြသည့် ပြကွက်များ၊ ခေါင်းတခြားကိုယ်တခြားခြေလက်တွေ ဖြတ်ပြသည့်ပြကွက်များ စသည်ဖြင့် ပြသွားမှာပါ”ဟု ပြောသွားပါတယ်။

သတင်းအရင်းအမြစ်-new watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။