မနေ့က ရှမ်းပြည်မြောက်ပိုင်း မြို့နယ် ၃ ခုထဲမှာတီအန်အယ်လ်အေ ပလောင်တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်တို့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။နမ္မတူမြို့နယ် ပန်ဝါကျေးရွာနားမှာ တကြိမ်၊ နမ့်ဆန်မြို့နယ် ဟူးခင်ကျေးရွာအနီးမှာ စက်တင်ဘာ ၁၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲနဲ့ မွန်းလွဲ ၁ နာရီကြားတကြိမ် ပစ်ခတ်မှုပထမအကြိမ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီလောက်မှာတော့ ကျောက်မဲမြို့နယ် လွယ်ခလေးကျေးရွာအထက် တောင်ကြောပေါ်မှာလည်း ပစ်ခတ်ခဲ့ကြတယ်လို့ လည်းသိရပါတယ်။

တီအန်အယ်လ်အေ တပ်ဖွဲ့တွေ တည်ရှိရာ တောထဲကို မြန်မာ့တပ်မတော် တပ်မ ၈၈၊ ခမရ ၃၀၁၊ တပ်မ ၇၇ တို့ကထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့လဲသိရပါတယ်။

နမ့်ဆန်မြို့နယ် ဟူးခင်ရွာအနီးတိုက်ပွဲမှာ မြန်မာ့တပ်မတော်ဘက်က ၃ ဦးကျဆုံးကြောင်း တီအန်အယ်လ်အေ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

တီအန်အယ်လ်အေဘက်က ကျဆုံးမှုအခြေအနေကိုတော့ ယခုထက်ထိမသိရသေးပါဘူး။သီပေါမြို့နယ်ထဲမှာတော့ အဲဒီမတိုင်ခင် ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ည ၈ နာရီကျော် လောက်က မြန်မာ့တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေစဉ် ၉ မိုင်ရဲကင်းနားရောက်လာတဲ့ မော်တော်ကား တစီးပေါ်ကနေ ဒေသန္တရလက်လုပ်မိုင်းတလုံး ပစ်ချဖောက်ခွဲခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားပါတယ်။ 

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။