ယခုလက်ရှိ အချိန်တွင်မောင်တော ဒေသတွင် အကြမ်းဖက်မှုများ ဖြစ်ပေါ်လျက်ရှိပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများအဖွဲ့ချုပ်က မောင်တောရှိဆရာ ဆရာမများနှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါ သဘောထားကို စက်တင်ဘာလ ၁၃ရက်နေ့က ထုတ်ပြန်ခဲ့တာပါ။ ယခုကဲ့သို့ ထုတ်ပြန်ရခြင်းမှာ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များ၌ တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ဆရာမ များအား စက်တင်ဘာ ၁၇ ရက်အရောက် မိမိတို့ တာဝန်ကျရာနေရာတွင် ပြန်လည်တာဝန် ထမ်းဆောင်ရန် ပြည်နယ်ပညာရေးဌာနမှ ညွှန်ကြားထားပါသည်။

ထို့ကြောင့် ဆရာ ဆရာမများအနေ ဖြင့် စိုးရိမ်ကြောင့်ကြမှုများရှိသဖြင့် ဆရာ၊ ဆရာမများအဖွဲ့ချုပ်က သဘောထားထုတ်ပြန် ကာ မေတ္တာရပ်ခံခြင်းဖြစ်ကြောင်း သိရသည်။ ယင်းအပြင် မြန်မာနိုင်ငံဆရာ၊ ဆရာမ များအဖွဲ့ချုပ်အနေဖြင့် အကြမ်းဖက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်သော ဒေသများသို့ ဆရာ ဆရာမများကို အတင်းအကျပ်ပြန်လည်စေလွှတ် ခြင်းမပြုရန်၊ အခြေအနေတည်ငြိမ်ကြောင်း အာမခံနိုင်မှသာ စေလွှတ်ပေးရန်နှင့် ထိုသို့ စေလွှတ်ရာတွင်လည်း ဆရာ ဆရာများများ၏ လုံခြုံရေးကို အပြည့်အဝအာမခံပေးရန်၊ အကြမ်းဖက်ခံအန္တရာယ်ကြောင့် ဆရာ ဆရာမ များအပေါ် ဘေးအန္တရာယ်တစ်စုံတစ်ခုကျ ရောက်လာပါက အခြေအနေမငြိမ်သေးမီ အတင်းအကျပ်စေလွှတ်သော တာဝန်ရှိသူ အနေဖြင့် အပြည့်အဝတာဝန်ယူရန်တို့ ပါ၀င်သည်။

အကြမ်း ဖက်ခံရမှုကြောင့် ဆရာ ဆရာမများ၏ ဆုံးရှုံးမှု များအတွက် နိုင်ငံတော်နှင့် ပညာရေးဝန်ကြီးဌာန အနေဖြင့် ပြန်လည်ဖြည့်ဆည်းဆောင်ရွက်ပေး ရန် ပါ၀င်သည်။ ဒါ့အပြင် အကြမ်းဖက်မှုကို ကိုယ်တွေ့ကြုံခဲ့ရသော ဆရာ ဆရာမအချို့သည် စိတ်ဒဏ်ရာများရရှိ ခဲ့မည်ဖြစ်သောကြောင့် အကယ်၍ကာယကံရှင်က မသွားလိုပါက အတင်းအကျပ်စေလွှတ်ခြင်း မပြုဘဲ ကာယကံရှင်၏ဆန္ဒနှင့်အညီ ညှိနှိုင်း ဆောင်ရွက်ပေးရန်စသည့်အချက် လေးချက်အား သဘောထားထုတ်ပြန်ချက်၌ မေတ္တာရပ်ခံ တောင်းဆိုထားသည်။ လက်ရှိအချိန်တွင် စက်တင်ဘာ ၁၇ ရက် နောက်ဆုံးထားပြီး ပြန်လည်တာဝန်ထမ်းဆောင် ရန် ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားပြီး ပျက်ကွက်ပါက ဝန်ထမ်းစည်းမျဉ်းစည်းကမ်း အရ အရေးယူမည်ဟု သိရသည်။

Source – Myanmar Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။