အိန္ဒိယတပ်မတော်က နယ်စပ်တွင် လုံခြံုရေးတွေတင်းကျပ်ထားသည်။ မြန်မာနှင့်အိန္ဒိယနယ်စပ် ဖြစ်သည့် မဏိပူရတွင် စစ်တပ်အင်အား များစွာ ကျထားသည်။ ထိုကဲ့သို့ တင်းကျပ်ရခြင်းမှာ ဘင်္ဂါလီများ နယ်စပ်ဖြတ်ကျော် တရားမဝင် ၀င်ရောက်လာမှုကို တားဆီးကာကွယ်ရန် ဖြစ်သည်။ မြန်မာနယ်စပ်ဖြစ်သည့် မဏိပူရ ပြည်နယ် တွင် ဘင်္ဂါလီများ ၀င်ရောက်လာနိုင်ခြင်းကို ကြိုတင် ကာကွယ်ထားတာဖြစ်ကြောင်း အိန္ဒိယအစိုးရကပြောကြားခဲ့သည်။

ထိုကဲ့သို့ တင်းကျပ်ခြင်းကို စက်တင်ဘာ ၁၀ရက်ကတည်းက စတင်ခဲ့တာပါ။ မဏိပူရတွင် စက်တင်ဘာ ၁၀ ရက် မှ စတင်၍ ရဲတပ်ဖွဲ့ဝင်များ လှည့်ကင်းတိုးမြှင့်ဆောင်ရွက်နေသေည်။ လက်ရှိအချိန်ထိတော့ ဘင်္ဂါလီများ ခိုးဝင်ခြင်းကို မတွေ့ရှိသေးကြောင်း သိရသည်။ ဒါ့အပြင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မိုရေးမြို့တွင် လုံခြံုရေးတင်းကျပ်စွာ ချထားကြောင်း သိရသည်။ 

ဒါ့အပြင် တမူးမြို့မှ မိုရေးမြို့သို့ လာရောက်သူများအား တရားဝင်စာရွက်စာတမ်း ကိုင်ဆောင်ထားခြင်းရှိ၊ မရှိစစ်ဆေး ခြင်း၊ သံသယရှိရသူများအား စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိသည်။ တမူးမှ မိုရေးသို့ တရားဝင်သွား ရောက်နိုင်သည့် ညနေ ၄ နာရီမထိုးမီ တမူးပြန်ရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနယ်စပ်မှ တဆင့် တရား မဝင်ဝင်ရောက်မှုများကို တားဆီးကာကွယ်ရန်အတွက် စက်တင်ဘာ ၉ ရက်နေ့က ညွှန်ကြားချက်ထုတ်ထားသည်။ မြန်မာနယ်စပ်မှတဆင့် ဘင်္ဂါလီများ ခိုးဝင်မှုကို တားဆီးရန် ပြည်နယ်ဝန်ကြီးချုပ် N Biren Singh က ရဲတပ်ဖွဲ့အား ညွှန်ကြားထားကြောင်း သိရသည်။

Source – News Watch 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။