နာမည်ကြီးမင်းသမီးတွေကို ရုပ်ရှင်ဇာတ်ဝင်ခန်းတွေမှာ အထိအတွေ့ပိုင်းပီပြင်တာကြောင့်၊ အမျိုးသားပရိသတ်တွေရဲ့ ဝေဖန်မှုကိုခံနေရပြီး၊ ချောမောတဲ့ရုပ်ရည်ကြောင့်လဲ အမျိုးသမီးပရိသတ်တွေရဲ့ အသည်းစွဲဖစ်နေတဲ့ သရုပ်ဆောင်ဇေရဲထက်မှ သူ့ရဲ့သရုပ်ဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ယခုလိုပြောကြားခဲ့ပါတယ်။

အခြောက်ဇာတ်ရုပ်တော်တော်များများကို သရုပ်ဆောင်ခဲ့ရတဲ့ ဇေရဲထက်ကနေပြီး ဇာတ်ကားရွေးချယ်တဲ့ပုံကို

"ကျွန်တော်ရိုက်ခဲ့တဲ့ ငါးကား၊ ခြောက်ကားလုံး တစ်ကားနဲ့ တစ်ကားမတူပါဘူး။ ကျွန်တော် အဓိကကတော့ တစ်ကားနဲ့တစ် ကားမတူအောင် ဒီကားဆို ဒီအခြောက်က ဘာအခြောက်လဲ၊ ငါအဲဒီကားမျိုး ရိုက်ပြီးသွားပြီဆိုရင် လက်မခံတော့ဘူး။ အခြောက်ကား ပေမယ့် အက်ရှင်မတူတဲ့လုပ်ကွက် ထွက်တဲ့ဟာမျိုးဆိုရင်တော့ လက်ခံ ရိုက်ကူးဖြစ်ပါတယ်။" လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ပရိသတ်တွေက သရုပ်ဆောင်ရာမှာ အရမ်းပီပြင်တယ်လို့ ပြောကြားတဲ့အပေါ် ဇေရဲထက်မှ " ကျွန်တော့်အနေနဲ့ကတော့ ပရိသတ်ကို ကျွန်တော်ကြိုးစားလိုက်တဲ့ကားလေးတစ်ကားက သူတို့တွေ စိတ်အမောပြေတယ်ဆိုရင်၊ သူတို့ပျော်ရွှင်ရတယ်၊ ရယ်မောရတယ်ဆိုရင် ကျွန်တော် ကျေနပ်ပါပြီ။ "လို့ ပြန်လည်ပြောကြားခဲ့ပါတယ်။

နောက်ပိုင်းတွင် ဇေရဲထက်ပါဝင်သရုပ်ဆောင်ထားသည့် ''ထမိန် ကျွတ်၍လွှတ်လိုက်သည်''တို့၊ မင်းသားလေးလက်နဲ့ ''မာယာစတိုင်လ်''၊ နောက် ဖိုးတွမ်တီးတို့ ရုံတင်ဖို့ရှိကြောင်း သိရသည်။

Source: 8Days

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။