ဟိုတလောက ရဲရင့်အောင် ပရိသတ်တွေနှင့် kpoppers တွေကြားမှာ ရဲရင့်အောင်ရဲ့ 'အိမ်မပြန်တော့ဘူးလား' သီချင်းဟာ အမာခံပရိသတ်အတောင့် အဖွဲ့ဖြစ်တဲ့ Exo-L ရဲ့ Lotto သီချင်းကို ကူးချခဲ့ပါတယ်ဆိုပြီး အငြင်းပွားခဲ့ပါတယ်။ တကယ်ကိုလည်း သီချင်း နောက်ခံတီးလုံးဟာ တူနေတဲ့ အတွက် copy ကူးထားကြောင်း ဗီဒီယိုတွေလုပ်ကာ တင်လိုက်တဲ့အခါမှာတော့.....

ရဲရင့်အောင်ရဲ့ ပရိသတ်တွေကတော့ အိမ်မပြန်ဘူးလား သီချင်းဟာ လွန်ခဲ့တဲ့ သင်္ကြန်ထဲက ဆိုထားတဲ့ သီချင်းဟုပြောပြီး Exo ရဲ့ Lotto က အဲ့ဒီနောက်ပိုင်းမှ ထွက်တာဖြစ်တဲ့အတွက် ကူးချထားတာမဟုတ်ဘူးလို့ပြောပါတယ်။ သို့သော်လည်း သင်္ကြန်တုန်းက ဆိုထားတဲ့ အိမ်မပြန်တော့ဘူးလား သံစဉ်နှင့် ယခု အခွေထွက်လာတဲ့ အိမ်မပြန်တော့ဘူးလား သီချင်းဟာ စာသားပဲတူပြီးသံစဉ်ကွဲပြားနေတဲ့ အတွက်ကြောင့်ရဲရင့်အောင်တစ်ယောက်ပိုပြီး အရှက်ကွဲပြန်ပါတော့တယ်။

ထိုကဲ့သို့ကော်ပီကူးထားတဲ့ အပိုဒ်တွသံစဉ်တွေကို မူရင်း သီချင်းနှင့်ဖြတ်ညှပ်ကပ်လုပ်ထားတဲ့ ဗီဒီယိုကို အခြားနိုင်ငံက Exo အဖွဲ့ရဲ့ ပရိသတ်တွေ့သွားကာ ထိုသီချင်းကို Report လုပ်ခိုင်းကာ ကိုရီးယားမှာရှိတဲ့ ထိုအဖွဲရဲ့ ကုမ္ပဏီကို ပို့ခိုင်းကာ တရားစွဲဆိုဖို့ လုပ်ခိုင်းနေပါတယ်။ ရဲရင့်အောင်ကို Bobby's Holdup၊ Taeyang's Eye, Nose, Lips၊ စတဲ့အခြားသီးချင်းတွေကိုခိုးချထားတယ်ဆိုပြီးပြောထားပါတယ်။

ထို့အပြင် မြန်မာနိုင်ငံက အဆိုတော်က ကော်ပီကူးတယ်ဆိုပြီး ပြောထားပါသေးတယ်။ အခုဆိုရင်တော့ ရဲရင့်အောင်တစ်ယောက် ခိုးကူးတက်တဲ့ အဆိုတော် အဖြစ် မြန်မာနိုင်ငံ ကိုသိသွားကြတဲ့အတွက် နိုင်ငံကို အရှက်ရစေပါတော့မယ်။ မြန်မာနိုင်ငံဟာ ပြောင်းလဲဖို့ ဦးတည်နေပြီဖြစ်တဲ့အတွက် ဥပဒေတွေတိုးတက်လာရင် အဆိုတော်တွေ တန်းစီကာ တရားစွဲခံရနိုင်ပါတယ်။

ရဲရင့်အောင်သီချင်းတွေမှာ နာမည်ကြီးတဲ့ ကိုယ်ပိုင်သံစဉ်တွေ အများကြီးရှိရဲ့ သားနှင့် မိမိမှာလည်း ကိုယ်တိုင် သီချင်းစပ်နိုင်တဲ့ စွမ်းရည်ရှိရဲ့ သားနှင့် ဘာဖြစ်လို့ သူများသံစဉ်၊ သူများသီချင်းကို သွားကူးလဲ ဆိုတာ စဉ်းစား၍ မရနိုင်ပါဘူး။ မင်းတို့ စီမှာ ဒီလို ကော်ပီကူးတဲ့ အဆိုတော်တွေတောင် နာမည်ကြီးတယ်ဟုတ်လားလို့မေးလာခဲ့ရင် မိမိနိုင်ငံကို အခြားတပါးသူတွေရှေ့မှာ အရှက် မရစေချင်သော်ငြားလည်း ခိုးကူးတာဟုတ်နေတဲ့အတွက် မျက်စိမှိတ်ကာ ခေါင်းငြိမ့်လိုက်ရပါတော့တယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။