ဖြစ်ပွားလျက်ရှိတယ့် ရခိုင်အရေးအပေါ်နိုင်ငံတကာရဲ့ ဆွေးနွေးမှုတွေနဲ့ နိုင်ငံတကာရဲ့ဖိအားပေးမှုတွေကို မြန်မာအစိုးရခံနေရတာဖြစ်ပါတယ်။ရခိုင်အရေးကိစ္စရပ်များအပေါ် နိုင်ငံတကာကလည်း စိတ်ဝင်တစားစောင့်ကြည့်နေကြတာလည်းဖြစ်ပါတယ်။ယခုအခါမှာ ဖြစ်ပွားခဲ့တယ့်ပြသာနာများကို နိုင်ငံတကာကဝင်ရောက်မစွက်ဖက်ကြရန် ရှရှားအစိုးရက ယခုလိုပြောကြားလိုက်တာလည်းဖြစ်ပါတယ်။

ရှရှားအစိုးရက ရခိုင်အရေးနဲ့ပက်သက်ပြီး“အချုပ်အခြာအာဏာပိုင်နိုင်ငံတခုရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ချင်တဲ့ဆန္ဒရှိနေကြရင် ဒီဖက်ပိုပြီးရှုပ်ထွေးတဲ့ ဘာသာရေးပဋိပက္ခတွေ ပေါ်လာမှာပဲဆိုတာ သိဖို့ လိုအပ်တယ်”လို့လည်းပြောကြားခဲ့ပါတယ်။နောက်ပြီး“မြန်မာအစိုးရကို ရုရှအစိုးရအနေနဲ့ထောက်ခံတယ်ဆိုတာပြောကြားခဲ့ပါသေးတယ်။ မြန်မာအစိုးရကို ဒီပြောကြားချက်ဟာ ဖြစ်ပွားနေတယ့်ရခိုင်ပြသာနာကိုဖြေရှင်းဖို့အခွင့်အရေးတစ်ရပ်ဆိုလည်း မမှားပါဘူး။

နက်နဲတဲ့ ဘာသာရေးပြသာနာအဖြစ် ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက်ပေးဖို့ကြိုးစားနေတာဟာ အကျိုးအမြစ်တစ်ခုအတွက်ဖြစ်နိုင်ပါတယ်လို့ ရှရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက ပြီးခဲ့တဲ့ သောကြာနေ့ကပြောကြားခဲ့တာဖြစ်ပါတယ်။အချုပ်အခြာအာဏာရှိတဲ့ တိုင်းပြည်ရဲ့ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းဟာ ပိုကြီးထွားတဲ့ ဘာသာရေးပြသာနာကို ဖြစ်ပေါ်စေနိုင်တယ်ဆိုတာသိရှိဖို့လိုအပ်ပါတယ်။ဘာသာရေးခေါင်းဆောင်တွေ သဘာမတူအချင်းချင်း ကြားရှိနေတဲ့ မပြေလည်မှုတွေ ချုပ်ငြိမ်းဖို့အတွက် ဆွေးနွေးဖို့အရေးလိုအပ်တယ်လို့လည်းပြောခဲ့ပါတယ်။အစွန်းရောက်အင်အားစုတွေရဲံသွေးထိုးလှုံဆော်မှုမှာ မယိမ်းယိုင်ဖိုံနဲ့ အစိုးရကိုထောက်ခံမှုပေးဖို့ ကျွန်မတို့ဒီကနေပြောကြားလိုက်တာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သတင်းအရင်းအမြစ်-Ref TASS news

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။