ဘင်္ဂလာဒေ့ရှ်မှ အင်္ဂလိပ်လို ထုတ်ဝေသည့် နာမည်ကြီး သတင်းစာ တစ်စောင်ဖြစ်သည့် The Daily Star တွင်ယခုလိုဖော်ပြလိုက်တာဖြစ်ပါတယ်။ The Daily Star စာစောင်တွင် Who is supplying weapons to Myanmar? မြန်မာကို ဘယ်သူလက်နက်ထောက်ပံ့သလဲ ခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ်ကို ယနေ့ ရေးသားဖော်ပြလာတာဖြစ်ပါတယ်။လက်ရှိတွင် မတည်ငြိမ်မှုများဖြစ်နေသည့် ရခိုင်ပြည်နယ်တွင် ဘင်္ဂလီအရေးနှင့် ပတ်သက်ပြီး အယ်လ်ဂျာဇီရာ Al Jazeera သတင်းဌာနမှ နိုင်ငံတကာမှ မြန်မာသို့ လက်နက်တင်ပို့မှုကို ပုံရေးဆွဲထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အယ်လ်ဂျာဇီရာ Al Jazeera သတင်းဌာနမှ နိုင်ငံတကာမှ မြန်မာသို့ လက်နက်တင်ပို့မှုကို ပုံရေးဆွဲထားသော မြေပုံကို ကိုးကားပြီး သတင်းဖော်ပြရာတွင် မြန်မာသို့ လက်နက်အများဆုံးတင်ပို့သော နိုင်ငံများအဖြစ် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ အစ္စရေး၊ ယူကရိန်းဟုဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှ မြန်မာသို့ တိုက်လေယာဉ်၊ တင့်ကား၊ လက်နက်မျိုးစုံနှင့် ရေတပ်သင်္ဘောများကို အဓိကတင်ပို့ခြင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။နောက်ပြီး မြေပြင်မှ ဝေဟင်ပစ် Missiles ဒုံးကျည်များကို အဓိက ထောက်ပံ့သည်မှာ ရုရှားနိုင်ငံ ဖြစ်ကြောင်းလည်းဖော်ပြထားပါသေးတယ်။ 

သတင်းအရင်းအမြစ်-Yawthama

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။