စက်တင်ဘာလ ၁၈ ရက်နေ့ ည ၉း၀၀ နာရီအချိန်ခန့်က ရခိုင်ပြည်နယ် တောင်ကုတ်တောင်ကြားလမ်းတွင် တောင်ကုတ် မှ ရန်ကုန် သို့ ထွက်ခွာလာသည့် ရဲအောင်လံ အမြန်ယာဉ်(စင်လုံဌား)မှာ ပေ ၂၀၀ ခန့် နက်သည့် လမ်းဘေးချောက်အတွင်း ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး ၁၀ ဦး သေဆုံးပြီး၊ ခရီးသည် ၂၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။မာ်တော်ယာဉ်ပိနေသူများကို ယနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက် ၀၄း၃၀ နာရီအချိန်ထိ ရှာဖွေကယ်ထုတ်လျက် ရှိကြောင်း သိရပါတယ်။

အဆိုပါ ယာဉ်တွင် ယာဉ်မောင်းအပါအဝင် တောင်ကုတ်မြို့နယ် နတ်မော်ရွာနှင့်ရွှေတောင်သာ ရွာမှ ခရီးသည် ၅၀ ဦးလိုက်ပါလာခဲ့ပြီး ရန်ကုန်တိုင်း ဒလမြို့နယ်ရှိ ဘုန်းကြီးပျံပွဲသို့ သွားရောက်ရန် စင်းလုံးဌားလာခဲခြင်းဖြစ်ကြောင်းသိရပါတယ်။တောင်ကုတ်မြို့မှ စက်တင်ဘာလ ၁၈ ရက်နေညနေ ၄နာရီခန့်က ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ၊တောင်ကုတ်တောင်ကြား မိုင်တိုင် ၄၂ မိုင် ၇ ဖာလုံ အနီး ရန်ကုန်-တောင်ကုတ်ကားလမ်း ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ညောင်ကျိုးအပိုင် လေးအိမ်စုရွာအနီးတွင် ပေ၂၀၀ ခန့်နက်သည့် လမ်းဘေးချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

မော်တော်ယာဉ်တိမ်းမှောက်ခဲ့သည့် အချိန်တွင် ယင်းနေရာမှာ မြုခိုးများထူးထပ်စွာ ကျနေခဲ့ပြီး၊ အခင်းဖြစ်ပွားရာ နေရာမှာလည်း ဖုန်းဆက်သွယ်ရေး လိုင်းမမိကြောင်းသိရပါတယ်။မော်တော်ယာဉ်ပိတ်မိနေသူများကို သက်ဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများမှ ရှာဖွေကယ်ထုတ်လျက်ရှိပြီး သေဆုံးသူ ဦးရေတိုးလာနိုင်ကြောင်း သိရသည်။

သတင်းအရင်းအမြစ်-မြတ်သူထွန်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။