လက်ရှိအချိန်တွင် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင် အစွန်းရောက်များက သောင်းကြန်းလျက်ရှိသည်။ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့ဖြစ်တဲ့ ARSA ကလည်း ဆူပုူလျက်ရှိသည်။ ဒါ့ကြောင့် အိန္ဒိယအစိုးရကလည်း ပြည်တွင်းရှိ ဘင်္ဂါလီများကျု ပြန်နှင်ထုတ်ရန် စီစဉ်နေသည်။ အကြမ်းဖက်ဝါဒ ကြိုတင်ကာကာွယ်ထားခြင်းဖြစ်သည်။

ဒါ့အပြင် မြန်မာနှင့် အန္ဒိယနယ်စပ် တမူးမြို့ကိုလည်း အိန္ဒိယ အစိုးရက လုံခြုံရေးတင်းကျပ်ထားသည်။ လက်ရှိအချိန်တွင် ပီးခဲ့သည့် ၁ဝ နှစ်တာကာလအတွင်း အိန္ဒိယသို့ ရောက်ရှိလာခဲ့သော ဘင်္ဂါလီ လေး သောင်းဝန်းကျင်အားနိုင်ငံမှ နှင်ထုတ်ရန် အတွက် အိန္ဒိယအစိုးရက ဗဟိုတရားရုံးချုပ်သို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ဘင်္ဂါလီများသည် အိန္ဒိယနိုင်ငံ လုံခြံုရေးကို ထိပါးမည့် အကြမ်းဖက်သမားများကို အထောက် အပံ့ပြုသူများ ဖြစ်လာနိုင်ခြေရှိသောကြောင့် နိုင်ငံမှ နှင်ထုတ်ရန် အစိုးရက စီစဉ်နေခြင်းဖြစ် ကြောင်း မီဒီယာများ၏ဖော်ပြချက်အရ သိရ သည်။ အိန္ဒိယ၏ အစီအစဉ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး ဇိုင် ရတ်အယ်လ်-ဟူစိန်က ကန့်ကွက်ထားသည်။  

တရားရုံးချုပ်ကခွင့်ပြုသည်ဆိုပါက အိန္ဒိယ အနေဖြင့် ဘင်္ဂါလီများကို မည်သည့်နေရာသို့ ပို့ဆောင်သွားမည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေး။ အိန္ဒိယတွင် မှတ်ပုံတင်ထားသော ဘင်္ဂါလီ ၁၆,ဝဝဝ ရှိနေပြီး စာရင်းမရှိသူ အရေအတွက် ပိုများနိုင်ကြောင်း ခန့်မှန်းထားသည်။ နီပေါနိုင်ငံ ခတ္တမန္ဒူမြို့ မြောက်ပိုင်းတွင် လည်း ဘင်္ဂါလီ ၂၅ဝ ခန့်ရှိနေပြီး နီပေါအစိုးရ အနေဖြင့် အရေးယူဆောင်ရွက်ရန် တစ်စုံတစ်ရာ အစီအစဉ်မရှိသေးသော်လည်း ထပ်မံဝင်ရောက် လာမည့် ဘင်္ဂါလီများကြောင့် နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပွားလာမည်ကို မလိုလားသည့် အတွက် နယ်စပ်အဝင်အထွက်များကို တင်း တင်း ကျပ်ကျပ် စောင့်ကြည့်နေကြောင်း သိရှိရသည်။

Source – Myanmar Times 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။