ရခိုင်ပြည်နယ်၊ မင်းပြားမြို့နဲ့ မြောက်ဦးမြို့အကြား ကားလမ်းနားဘေးမှာ ဗုံးပေါက်ကွဲမှုတ ခုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ယခုလိုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ခရီးသည်တင်ကားတစီးနဲ့ ကုန်ကားတစီးအနည်းငယ်ပျက်စီးသွားပြီး အဲ့ဒီနေရာကို လုံခြုံရေးတင်းကျပ်စွာ ချထားတယ်လို့လည်းသိရပါတယ်။စက်တင်ဘာ ၁၉ ရက် ညနေ ၇ နာရီဝန်းကျင်က တန်းဆိပ်ကျေးရွာနဲ့ ဆက်ကျာကျေးရွာ ကြားမှာ တပြိုင်တည်းပေါက်ကွဲတာလို့ မင်းပြားမြို့နယ် နယ်ထိန်း ဦးညီညီကပြောကြားခဲ့တာဖြစ်ပါတယ်။

“ပေါက်ကွဲမှုဖြစ်တာက တန်းဆိပ်ဘင်္ဂလီရွာနဲ့ ဆက်ကျာဘင်္ဂလီရွာကြားမှာ ဗုံးပေါက်တာပါ။ မိုင်တိုင်ကြား ၉၆/၄ ပေ့ါနော်။ တနေရာရာတည်းမှာ ဗုံးသုံးလုံးပေါက်တာပေ့ါ။ ဆွဲမိုင်းလား၊ ချိန်ကိုက်မိုင်းလားတော့ မသိဘူး။ ကျနော်တို့ ဆက်လက်စစ်ဆေးနေပါတယ်။ မလေးရှားပိတောက်ပင် သုံးပင်ခြေရင်းမှာပေါက်ကွဲတာ။ ရန်ကုန်ဘက်ကလာတဲ့ ကုန်တင်တစီးရယ်၊ ပြီးတော့ စစ်တွေဘက်ကလာတဲ့ ကစ္ဆပခရီးတင်ကားရယ် အဲ့ဒီနှစ်စီးလာတဲ့ အချိန်မှာ ချိန်ကိုက်ဗုံးသုံးလုံး တပြိုင်တည်းပေါက်ကွဲတာ"လို့ပြောသွားခဲ့ပါတယ်။

ဗုံးသုံးလုံးဆက်တိုက်တပြိုင်တည်းပေါက်ကွဲခဲ့နေရာကို လတ်တလော လုံခြုံရေးတွေ တင်းကျပ်စွာချထားပြီး ကစ္ဆပခရီးသည် သယ်ဆောင်လာတဲ့ကားနဲ့ ကုန်တင်ကလူတွေကတော့ ထိခိုက်ဒဏ်ရာရရတာတော့မရှိပါဘူးလို့လည်းသိရပါတယ်။

အခုလိုပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အနီးအနားက ဒေသခံတွေကတော့ ပြဿနာဖြစ်လာမှာ စိုးရိမ်နေကြတယ်လို့ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မြောင်းဘွေကျေးရွာနေ ဦးသာလှထွန်းကပြောပါတယ်။

သတင်းအရင်းအမြစ်-ဒီဗွီဘီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။