မော်ဒယ်လ် သရုပ်ဆောင် အေးမြတ်သူနှင့် သူမ၏ အနုပညာခရီးလမ်း

ဆယ်ကျော်သက်အရွယ်ကတည်းက မော်ဒယ်လ်လောကထဲကို စတင်ဝင်ရောက်လာခဲ့သူ မော်ဒယ်လ်ပြိုင်ပွဲတွေ တော်တော်များများမှာ ဆုတွေရရှိခဲ့ဖူးသူ အဆိုတော် ဖိုးကာရဲ့ "တစိမ့်စိမ့်ကြည့်" ဆိုတဲ့ သီချင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ရာကနေ ချစ်စရာကောင်းတဲ့ ပါးချိုင့်လေးနဲ့ သူမရဲ့ အမူအယာတွေကြောင့် ပရိသတ်သတိထားမိလာသူလေးကတော့ မော်ဒယ်လ် နှင့် သရုပ်ဆောင် အေးမြတ်သူပဲဖြစ်ပါတယ်။

မော်ဒယ်လ်တစ်ယောက်အနေနဲ့သာမက ဇာတ်ကားတွေမှာပါ သရုပ်ဆောင်လာခဲ့တဲ့ အေးမြတ်သူကို 'ဂျက်မ' ဆိုတဲ့ ဇာတ်ကားနဲ့အတူ အထူးအားပေးခဲ့ကြပြီး မကြာခင်ကမှ ရုံတင်ခဲ့တဲ့ 'မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်' ဇာတ်ကားဟာလည်း အောင်မြင်မှုရခဲ့တယ်လို့ ဆိုပါတယ်။ အေးမြတ်သူဟာ ငယ်စဉ်ကတည်း အနုပညာဓာတ်ခံရှိသူဖြစ်ပြီး ကျောင်းကပွဲတိုင်းမှာလည်း ပါဝင်ခဲ့တယ်လို့ ပြောပါတယ်။ တက္ကသိုလ်ဝင်စာမေးပွဲကို Eco ဂုဏ်ထူးတစ်ဘာသာနဲ့ အောင်မြင်ခဲ့ပြီး အနုပညာလောကကို ခြေစုံပစ်ဝင်ခဲ့ပြီး တက္ကသိုလ်ဆက်မတက်ဖြစ်ခဲ့ဘူးလို့တော့ သိရပါတယ်။ အဲ့ဒီနောက်မှာတော့ မော်ဒယ်လ်ပြိုင်ပွဲတွေကို ဆက်တိုက်ဝင်ပြိုင်ခဲ့ပြီး Title ပေါင်းမြောက်မြားစွာကို ပိုင်ဆိုင်ထားခဲ့ပါတယ်။

သူမရဲ့ မော်ဒယ်လ်လောက် အစပိုင်းနဲ့ပတ်သတ်ပြီးတော့ " အဲဒီတုန်းက မျက်လုံးအကြည့် ခပ်စူးစူး နှုတ်ခမ်းစူစူ မျက်နှာတည်တည် နဲ့ sexy pose တွေခေတ်စားတယ်။ အေးမြတ်သူရဲ့ မျက်နှာကျကလည်း ပိန်ပြီး မေးရိုးချွန်ချွန်နဲ့ဆိုတော့ sexy ဘက်သွားတဲ့ ပုံစံဆိုတော့ မော်ဒယ်လ်အလုပ်မှာ တော်တော်လေးအဆင်ပြေပါတယ်" လို့ အေးမြတ်သူကပြောပါတယ်။

အဲ့ဒီနောက်မှာတော့ တစိမ့်စိမ့်ကြည့် သီချင်း MTV မှာ ပါဝင်ခဲ့ရာ ပရိသတ်အားပေးမှုကို ရခဲ့ပြီး နောက်ပိုင်းမှာတော့ မဂ္ဂဇင်းတွေ ဂျာနယ်တွေ VCD တွေကမှတဆင့် ဇာတ်ကားရိုက်ကူးမှုတွေ လုပ်ခဲ့တာဖြစ်ပြီး သူမရဲ့ သရုပ်ဆောင်ဘဝကို စတင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အနုပညာအလုပ်တွေကိုပဲ ဆက်လက်လုပ်ကိုင်သွားမှာဖြစ်ပြီး တစ်ချိန်မှာတော့ သူမရဲ့ ကိုယ်ပိုင်မိသားစုဘဝလေးကို တည်ဆောက်သွားမယ်လို့ ပြောခဲ့ပါတယ်။

Source: Local Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။