Railroad Tigers တွင် အက်ရှှင်ဇာတ်ဝင်ခန်းများအတွက် အချိန်ယူစဉ်းစားခဲ့ရဟု ဂျက်ကီချန်း ပြောကြား

ဝါရင့်သရုပ်ဆောင် ဂျက်ကီချန်းက အက်ရှင်ဇာတ်မြူ းဇာတ်ကား Railroad Tigers တွင် အက်ရှင်ဇာတ်ဝင်ခန်းများ အတွက် အချိန်ယူစဉ်းစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ အက်ရှင်ဇာတ်ကွက်အား အသစ်တီထွင်ဖန်တီးရန် အမြဲကြိုးစားနေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ ဦးဆောင်သည့် မီးရထားလုပ်သားများက ဆင်းရဲသားများအတွက် စားနပ်ရိက္ခာများရရန် ဂျပန်တို့ကို ဆန့်ကျင်တိုက်ခိုက်သည့် အကြောင်း ရိုက်ကူးထားသည့် Railroad Tigers ဇာတ်ကားတွင် ခုတ်မောင်းနေသည့် ရထားတစ်စင်းပေါ်ကို ခုန်တက်ရသည့် စတန့်ဇာတ်ဝင်ခန်းပါဝင်သည်ဟု ချန်းက ပြောကြားခဲ့ပါတယ်။ "ဒီဇာတ်ဝင်ခန်းအတွက် ကျနမှန်ကန်မှုရှိဖို့လိုအပ်တယ်။ နေရာမှားပြီး ခုန်မိမယ်ဆိုရင်တော့ အရမ်းကိုနာကျင်ရမှာပါ" လို့ ဂျက်ကီချန်းကပြောပါတယ်။

အသက် ၆၂ အရွယ်ရှိ ဂျက်ကီချန်းမင်းသားကြီးသည် အသက်အရွယ်အရ အက်ရှင်ဇာတ်ကားများ ရိုက်ကူးမှုမှ အနားယူတော့မည်ဖြစ်ကြောင်း Chinese Zodiac ဇာတ်ကားသည် ၄င်း၏ နောက်ဆုံး အက်ရှင်အသားပေးဇာတ်ကား ဖြစ်နိုင်ကြောင်း ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုချိန်မှာတော့ Railroad Tigers မှာ ချန်းပါမယ်ဆိုတာသိတဲ့အခါမှာတော့ ပရိသတ်အားလုံးက ဝမ်းသာမျှော်လင့်စောင့်စားနေကြပါတယ်။ ဒီဇာတ်ကားကို ဒီဇင်ဘာ ၃၀ ရက်မှာ တရုတ်၌ ဖြန့်ချီမှာဖြစ်ပြီး မြောက်အမေရိက ဗြိတိန် သြတတြေးလျ နှင့် နယူးဇီလန်တို့တွင်လည်း ဖြန့်ချီသွားမည် ဖြစ်ကြောင်း သိရသည်။

International Celebrity News

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။