ဒီအဖြစ်အပျက်လေးကတော့ အီရန်မှာဖြစ်ပွားခဲ့တာပါ။ စက်တင်ဘာ ၂၀ ရက်မှာပဲ လူမြင်ကွင်းရှေ့မှာ အာဏာပိုင်တွေက ကြိုးပေးကွပ်မျက်လိုက် တယ်လို့ သိရပါတယ်။ဘာကြောင့်လဲဆိုတော့ အီရန်မှာ အသက်ခုနစ်နှစ်သာရှိသေးတဲ့ မိန်းကလေးငယ်လေးတစ်ဦးအား အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့အတွက်ကြောင့်ပါ။

အသက် ၄၂ နှစ်အရွယ် လူသတ်မုဒိန်းကောင်ဖြစ်တဲ့ အစ္စမေးလ် ဂျက်ဖာ ဇက်ဒါ ဆိုသူ အမျိုးသားအား ယခုလို စီရင်ကွပ်မျက်လိုက်ပုံကို ရိုက်ကူး ထားတဲ့ ဗီဒီယိုကိုလည်း နိုင်ငံပိုင် ရုပ်သံဝက်ဆိုဒ်မှာ ဝေမျှဖော်ပြခဲ့ပါတယ်။ပါဆာဘက်ဒ်မြို့ ရင်ပြင်မှာ စက်တင်ဘာ ၂၀ ရက် နံနက်အာရုံတက်ချိန်မှာအဓမ္မကျင့် လူသတ်ခဲ့တဲ့ ယခု တရားခံအမျိုးသားကို ကြိုးပေးခဲ့တာ ဖြစ်ပါတယ်။

" ခုလို လူပုံအလယ်မှာ သူ့ကို ခုလို စီရင်ပြလိုက်တာက ပြည်သူတွေရဲ့ လုံခြုံရေး ပြန်လည် ရရှိရေးအတွက်သာမကဘဲ သူတို့တွေခံစားနေခဲ့ရတဲ့ သောကတွေကို ပြေပျောက်သွားစေဖို့ ဖြစ်ပါတယ်" ဆိုပြီး အစိုးရရှေ့နေ တစ်ဦးဖြစ်တဲ့ နာဆာ အတက်ဘာတီက ပြောသွားပါတယ်။ယခုဖြစ်စဉ်မှာ အသက် ခုနစ်နှစ်အရွယ် အေတန်နာ အက်စ်လာနီ ဆိုသူ မိန်းကလေးငယ်လေးဟာ ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်က ပျောက်ဆုံးသွားခဲ့ပြီးနောက် အဓမ္မကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ဖြစ်စဉ်ကို ဖော်ထုတ်စစ်ဆေးနိုင်ခဲ့တာဖြစ်ပါတယ်။ 

သတင်းအရင်းအမြစ်-Mizzima - News in Burmese 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။