လက်ရှိအချိန်တွင် မြန်မာနိင်ငံ ရခိုင်ပြည်နယ်အတွင်းတွင် အဓိကရုဏ်းအချို့ဖြစ်ပွားလျက်ရှိပါသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ ကုလသမဂ္ဂအပါအဝင် ပြည်ပနိုင်ငံအချို့က မြန်မာနိုင်ငံကို အရေးယူရန် စီစဉ်နေသည်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံတကာ၏ အရေးယူမှုများကို ကြံကြံ့ခံမည်ဟု ပြောခဲ့သည်။ 

ယခုအခါတွင် ဗြိတိန်အစိုးရက ဗြိတိန်တွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သားစစ်သည်များကို မြန်မာပြည်သို့ ပြန်စေလွှတ်လိုက်သည်။ ထိုကဲ့သို့ ဗြိတိန်အစိုးရက ဗြိတိန်တွင် သင်တန်းတက်ရောက်နေသည့် တပ်မတော်သားစစ်သည်များကို မြန်မာပြည်သို့ ပြန်စေလွှတ်လိုက်သည့် ကိစ္စနှင့်ပတ်သတ်၍ တပ်မတော်က သဘောထားထုတ်ပြန်ခဲ့ပါသည်။

ယနေ့ပါတီစုံဒီမိုကရေစီခေတ်ကာလတွင် တပ်မတော်အနေဖြင့် အိမ်နီချင်းနိုင်ငံများ၊ ဒေသတွင်းနိုင်ငံ များသာမက နိုင်ငံတကာတပ်မတော်များနှင့်ပါ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် တစ်စိုက် မတ်မတ် ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ မြန််မာ-ဗြိတိန် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြားတွင်လည်း ဆက်ဆံရေးနှင့်ပူးပေါင်း ဆောင်ရွက်မှုမြှင့်တင်ရေး လုပ်ဆောင်ခဲ့ရာ မြန်မာ့တပ်မတော်မှသင်တန်းသားအရာရှိ ၅ ဦး ဗြိတိန်နိုင်ငံတွင်သင်တန်းများ တက်ရောက် လျက်ရှိပါသည်။ သို့သော်လည်းမြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များနှင့်ပတ်သက်၍ ဗြိတိန်ပါလီမန် အမတ်များက ဗြိတိန်နိုင်ငံတွင် သင်တန်းတက်ရောက်နေသော မြန်မာ့တပ်မတော်သင်တန်းသားများအား သင်တန်းဆိုင်းငံ့ပေးရန်တောင်းဆိုမှုအရ အဆိုပါသင်တန်းသားအရာရှိများအား မြန်မာနိုင်ငံသို့ ပြန်လည် စေလွှတ်ခဲ့ရာ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် လန်ဒန်မြို့ရှိ မြန်မာစစ်သံ (ကြည်း၊ရေ၊ လေ)ရုံး၌ သင်တန်းသားအားလုံး စုစည်းရောက်ရှိ ခဲ့ကြောင်းသိရှိရသည်။ တပ်မတော်အနေဖြင့် ယင်းသင်တန်းသားများအား မြန်မာနိုင်ငံသို့ အမြန်ပြန်လည်ခေါ်ယူသွားမည်ဖြစ်ပြီး ယခင်ကကမ်းလှမ်းသဘောတူညီထားသည့် သင်တန်းသားများအပါအဝင် ဗြိတိန်နိုင်ငံသို့ သင်တန်းသားများ ထပ်မံစေလွှတ်မည်မဟုတ် ကြောင်းထုတ်ပြန်အပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

Source – News Watch

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။