နာမည်ကျော် F-22 တိုက်လေယာဉ် ဟာ ကမ္ဘာပေါ်မှာ အကျော်ကြား ဆုံးနဲ့ ပြိုင်ဘက် လေယာဉ်တွေကို အများဆုံး ခြိမ်းခြောက်နိုင်တဲ့တိုက်လေယာဉ်ပါ။ ဒီလေယာဉ်ဟာ လေကြောင်းရော၊ လေကြောင်းမှ မြေပြင်ပေါ်သို့ တိုက်ခိုက်တဲ့ စစ်ဆင်ရေးများမှာ ပါအသုံးပြု ဖို့ ဒီဇိုင်းထုတ်ထားပါတယ်။ လေယာဉ်ရဲ့ ပထမဆုံးပျံသန်းမှု ကို ၁၉၉၇ ခုနှစ်ကစတင်ခဲ့ပါတယ်။ နောက်အနှစ် ၂၀အကြာ မှာတော့ F-22 တိုက်လေယာဉ်ဟာ ပြိုင်ဘက်ကင်းဖြစ်လာခဲ့ပါတယ်။

F-22 တိုက်လေယာဉ်ဟာ သူ့ရဲ့ အဆင့်မြင့်တဲ့ ရေဒါနည်းပညာ နဲ့ လေယာဉ်ကို အကောင်းဆုံးထိန်းချုပ်မောင်းနှင် နိုင်မှုတို့ကြောင့့် ကျော်ကြားပါတယ်။ လေယာဉ်ရဲ့ ကိုယ်ထည်ကို တိုက်တေနီယမ် ကိုယ်ထည် အသုံးပြုပြီး တည်ဆောက်ထားပါတယ်။ ဆီသိုလှောင်မှု ပမာဏ ၁၈၀၀၀ ပေါင် သယ်ဆောင်နိုင်ပြီး တစ်နာရီကို ၁၆၀၀ ရေမိုင်သွားလာနိုင်ပါတယ်။ အလေးချိန်ကတော့ ၄၃၃၄၀ ပေါင် အလေးချိန်ရှိပါတယ်။ လေယာဉ်တစ်စီးကို ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁၄၃ မီလီယံကုန်ကျပါတယ်။

တိုက်လေယာဉ်ကို နောက်ထပ် အဆင့်မြှင့်တင်မှုတွေ ထပ်လုပ်ဖို့စီစဉ်ထားပါတယ်။ ၂၀၆၀ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်း ကိုယ်ပျောက်တိုက်လေယာဉ်ဖြစ်ဖို့မျှော်မှန်းထားပါတယ်။ ရေဒါနည်းပညာအသစ်တွေ၊ လက်နက်စနစ်အသစ်တွေ၊ ဆိုက်ဘာလုံခြုံရေးစနစ်သစ်တွေ တပ်ဆင်မှာပါ။ တရုတ် နဲ့ ရုရှားနိုင်ငံတို့မှ တိုက်လေယာဉ်များကို နည်းပညာအသာစီးရဖို့ ရည်ရွယ်ပါတယ်။ လက်ရှိမှာ တော့ F-22 တိုက်လေယာဉ်ဟာ ပြိုင်ဘက်ကင်း တိုက်လေယာဉ် အဖြစ်ဆက်လက်တည်ရှိနေပါတယ်။

Source: msn news video

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။