မြောက်ကိုရီးယားအစိုးရကတော့ ဟိုက်ဒရိုဂျင်ဗုံးကို တီထွင်နိူင်ခဲ့ပြီလို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အပြစ်ကင်းစင်တဲ့ အဝေးထိန်းဒုံးကျည်စနစ်ကိုလဲ အောင်မြင်ခါနီးနေပါပြီ။ ဒါ့ကြောင့် စစ်ဘက်အန္တရာယ်ပေးလာနိုင်တဲ့အတွက် အမေရိကန်အပါအဝင် နိုင်ငံအချို့ကစိုးရိမ်နေပါတယ်။ ယခုအခါတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် တွေ့ဆုံခဲ့ကြသော တရုတ်နှင့် ရုရှားနိုင်ငံခြားရေး ၀န်ကြီးများက ကိုရီးယား ကျွန်းဆွယ်တွင် အဆိုးသံသရာ လည်နေရခြင်းကို ငြိမ်းချမ်းစွာ အဆုံးသတ်ရန် တောင်းဆိုခဲ့ကြောင်း တရုတ်အစိုးရက စက်တင်ဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။

ယခုအခါတွင်မှု မြောက်ကိုရီးယားနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုဖြင့် ကိုင်တွယ်ဖြေရှင်းရမည့် အချိန်မှာ ကျော်လွန် ပြီးဆုံးသွားပြီဟု ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောကြားခဲ့သည်။ မဟာမိတ် အမေရိကန် ပြည်ထောင်စုက မြောက်ကိုရီးယားနှင့် ပတ်သက်လျှင် ဖြစ်နိုင်ခြေ အရေးယူမှု အားလုံးကို ပြင်ဆင်ထားကြောင်း ကြေညာထားရာ ယင်းသဘောထားအတိုင်း ဂျပန်အနေဖြင့် ပါဝင်ရပ်တည်သွားမည်ဟု ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အာဘေးက မိန့်ခွန်းပြောကြားသွားခဲ့သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဂျပန်လေပိုင်နက်ကို ကျော်ဖြတ်ကာ ဒုံးကျည် စမ်းသပ်ပစ်ခတ်မှု နှစ်ကြိမ် ပြုလုပ်ထားခဲ့သည်။ ထို့အပြင် ၎င်းတို့၏ ဆဋ္ဌမ အကြိမ်မြောက် နျူကလီးယားဗုံးကိုလည်း စမ်းသပ် ဖောက်ခွဲခဲ့သည်။

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အမေရိကန်နှင့် မဟာမိတ်များ၏ လုံခြုံရေးကို ထိပါးလာပါက မြောက်ကိုရီးယားကို အလုံးစုံ ချေမှုန်းပစ်မည်ဟု မိန့်ခွန်းပြောခဲ့ပြီး နောက်တစ်နေ့တွင် အာဘေးကလည်း တင်းမာသည့် သဘောထား မှတ်ချက်မျိုး ပေးခဲ့ခြင်း ဖြစ်သည်။ “ကျွန်တော်တို့ဟာ အမေရိကန်ရဲ့ ရပ်တည်မှုကို အစဉ်တစိုက် ထောက်ခံမှာပါ။ မြောက်ကိုရီးယားနဲ့ ပတ်သက်ပြီး ဆွေးနွေးညှိနှိုင်းမှု နည်းလမ်းနဲ့ ဖြေရှင်းရမယ့် အချိန်က သိပ်မကျန်တော့ပါဘူး”ဟု အာဘေးက ပြောကြားသွားသည်။ ၎င်းက “အခုပြဿနာကို ဆွေးနွေးညှိနှိုင်းမှုနဲ့ အဖြေရှာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့တယ်။ အဆုံးသတ်မှာ မရိုးသားမှုတွေနဲ့အတူ ပျက်ပြယ်သွားတာချည်းပဲ။ အခုလည်း ကျွန်တော်တို့က နောက်တစ်ကြိမ် အလားတူ လမ်းလွဲမှုမျိုး ထပ်မကြံုဘူးလို့ မျှော်လင့်နေတာလား။ လောလောဆယ် လိုနေတာဟာ ဆွေးနွေးဖို့ မဟုတ်ပါဘူး။ ဖိအားပေးဖို့ပါ”ဟုလည်း ဆိုသည်။

Source – 7 Days News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။