မန်မာအသင်းနည်းပြအဖြစ်စိုးမြတ်မင်းကိုမြင်တွေ့ရတော့မည်လော

စက်တင်ဘာ24ရက်နေ့မှာရှမ်းအသင်းဟာတောင်ကြီးမှာ

ရန်ကုန်နဲ့အမှတ်ပေးပွဲတစ်ပွဲယှဉ်ပြိုင်ရမှာပါ။

ဒီပွဲစဉ်ဟာနှစ်သင်းစလုံးအတွက်MNLချန်ပီယံဆုအတွက်

အရေးကြီးတာမို့ဗိုလ်လုပွဲစဉ်တစ်ခုလိုယှဉ်ပြိုင်ကြရမှာပဲ

ဖြစ်ပါတယ်။ဒါပေမယ့်အဲ့ဒီပွဲမှာရှမ်းနည်းပြချုပ်စိုးမြတ်မင်း

ရှိမနေခဲ့ပါဘူး။ဘာကြောင့်ပါလဲ။

စိုးမြတ်မင်းဟာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က

စီစဉ်ပေးမှုနဲ့အတူဂျပန်ကိုဘောလုံးပညာသင်တန်း

သွားရောက်တော့မှာပါ။အသင်းအတွက်အရေးကြီးတဲ့

ဒီလိုအချိန်မျိုးမှာစိုးမြတ်မင်းမရှိတာဟာ

ရှမ်းအသင်းအတွက်စိုးရိမ်စရာပါပဲ။စိုးမြတ်မင်းမရှိလည်း

ဘာဖြစ်လဲ နည်းစနစ်ဒါရိုက်တာဦးဆန်းဝင်းရှိတာပဲလို့

ပြောရင်ရပေမယ့်စိုးမြတ်မင်းကကစားသမားတွေအကြောင်း

အူမချေးခါးမကျန်သိသူဖြစ်ပါတယ်။တောင်ကြီးမှာကစားမယ့်ပွဲမှာရှမ်းတို့ရုန်းကန်သွားရဖို့များပါတယ်။

ဂျပန်ပညာသင်အဖွဲ့မှာဘိုဘိုအောင်၊စိုးမြတ်မင်း၊ဦးစည်သူအောင်၊ဒေါ်စန်းစန်းသိန်း၊ဦးရဲဝင့်သူ

တို့ပါဝင်ပါတယ်။စိုးမြတ်မင်းကလွဲရင်ကျန်လူတွေဟာ

MFFကတွေပါ။စိုးမြတ်မင်းကိုဘာကြောင့်

ဂျပန်လွတ်တာလဲ။အဖြေကရှင်းပါတယ်။

မြန်မာ့လက်ရွေးစင်အသင်းတွေမှာအနှေးနဲ့အမြန်

ဖိုးခွားလေးကိုတွေ့မြင်ရဖို့များနေပါပြီ။လက်ရှိမြန်မာယူ-18နည်းပြဦးချစ်နိုင်ဟာလည်းဂျပန်

ပညာသင်တစ်ယောက်ပါပဲ။အိမ်နီးချင်းထိုင်းနိုင်ငံက

ကိုင်တီဆတ်၊ဝိုရာဝတ်တို့လိုနိုင်ငံအသင်းကိုစိုးမြတ်မင်း

အနာဂါတ်မှာကိုင်တွယ်သွားမလားဆိုတာကတော့..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။